ခြင်ရိုက်ပြီး ငွေရှာနေတဲ့ ထိုင်းနိုင်ငံက အမျိုးသမီး၊ ထူးခြားတဲ့အကြံနဲ့ ဘတ်တသောင်းထိငွေရှာနိုင်ခဲ့

ဧပြီ ၂၉၊ ၂၀၂၆

Zalen

Zalen ad

ထိုင်းနိုင်ငံက လီဆိုတဲ့ အမျိုးသမီးဟာ ကျနော်တို့လိုလူသားများအတွက် အနှောက်အယှက်ပဲဖြစ်တဲ့ “ခြင်”တွေကို ငွေရှာတဲ့ အခွင့်အလမ်းအဖြစ်ဖန်တီးလိုက်ပါပြီ။

လီဟာ နေ့စဉ်ဆိုသလို ကျတော်တို့တွေက လျှပ်စစ်ဘတ်တံ ခြင်ဆေးခွေ ခြင်ပြေးစတစ်ကာလိုမျိုးတွေ အသုံးပြုပြီး ရိုက်သတ် မောင်းထုတ်နေရတဲ့ ခြင်တွေကို မပစ်ပဲ စုဆောင်းပြီး ထူးထူးခြားခြား လက်လုပ်ပစ္စည်းတခုအဖြစ် ပြောင်းလဲခဲ့ပါတယ်။

သူမဖန်တီးလိုက်တဲ့ ပစ္စည်းကတော့ အမှောင်ထဲမှာ လင်းလက်နေတဲ့ ခြင်ထည့်ထားတဲ့ အနုမြူသော့ချိတ်လေးတွေပဲ ဖြစ်ပါတယ်။

“နေ့တိုင်း ခြင်ရိုက်ရုံနဲ့ ငွေဝင်လာတယ်” လို့ လီက ဟာသနဲ့ပြောထားပြီး ဒီအကြံကို TikTok မှာ မျှဝေခဲ့ရာကနေ လူတွေစိတ်ဝင်စားမှု မြင့်တက်လာခဲ့တာလို့ ထိုင်းသတင်းအချို့မှာဖော်ပြထားပါတယ်။

ဒီသော့ချိတ်ရဲ့ ထူးခြားမှုကြောင့်ပဲ နိုင်ငံခြားခရီးသွားတွေကြားမှာ အထူးရေပန်းစားလာပြီး “ထိုင်းအမှတ်တရပစ္စည်းအဖြစ်” လိုမျိုး ဝယ်ယူနေကြတယ်လို့သိရှိရပါတယ်။

ဒါ့အပြင် ဒီအလုပ်က လွယ်ကူတာမဟုတ်ပါဘူးလို့ လီကဆိုထားပါတယ်။ ဘာကြောင့်လဲ့ဆို‌တော့ သူမရှင်းပြထားပါတယ်။ ခြင်တကောင်ချင်းစီကို ဖမ်းယူခြင်း၊ သန့်ရှင်းစွာသိမ်းဆည်းခြင်း၊ အခြောက်ခံခြင်း၊ ပလတ်စတစ်ထဲ ထည့်သွင်းဖန်တီးခြင်း ဆိုတဲ့ အဆင့်တွေကို အသေးစိတ်လုပ်ရတာကြောင့် အချိန်အတော်ယူရပါတယ်။ တဆင့်ခြင်းအသေးစိတ်လုပ်ဆောင်တာတောင် မအောင်မြင်တဲ့အချိန်တွေလည်း ရှိတယ်လို့ဆိုပါတယ်။

Lee က တခြားလူတွေဆီကနေလည်း ခြင်အကြွင်းအကျန်တွေ ဝယ်ယူပြီး တကောင်ကို ၁ -၂ ဘတ်နဲ့ ဈေးသတ်မှတ်ထားပါတယ်။ အခုတော့ သူမရဲ့ လက်လုပ်သော့ချိတ်တခုကို ၁၄၉ ဘတ် နဲ့ရောင်းချပြီး အော်ဒါအလိုက် ထုတ်လုပ်တဲ့အတွက် ပို့ဆောင်ချိန် ၇ ရက်မှ ၁၄ ရက်အထိ ကြာတတ်ပါတယ်။

အားလုံးထက် စိတ်ဝင်စားဖို့ကောင်းတာက လူတွေက မထင်မှတ်တဲ့အရာတခုကိုတောင် အတွေးအမြင်တခုပဲ ပြောင်းလိုက်ရင် “စီးပွားရေးအခွင့်အလမ်း” ဖြစ်သွားနိုင်တယ်ဆိုတာပါပဲ။

ကိုးကား-ထိုင်းသတင်းများ

သတင်း- Zaya Moon

#Thai#ခြင်ရိုက်#ငွေရှာ #Zalen

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့ထဲတွင် အစိုးရအဖွဲ့ယန္တရားပြန်လည် လည်ပတ်ဖို့ကြိုးစားမှုတွေပြုလုပ်နေတဲ့ စစ်ကောင်စီ

ဧပြီ ၂၉၊ ၂၀၂၆ Zalen ပြီးခဲ့တဲ့ ဧပြီလ ၂၅ရက်နေ့က စစ်ကောင်စီဟာ ချင်းညီနောင်နဲ့ ချင်းပြည်ကောင်စီတော်လှန်ရေးတပ်ဖွဲ့တွေထံမှ ဖလမ်းမြို့ကို ပြန်လည်ရယူသွားပြီးနောက် ၎င်းတို့ အစိုးရအဖွဲ့ယန္တရားပြန်လည် လည်ပတ်ဖို့ကြိုးစားမှုတွေ ရှိနေတယ်လို့ စစ်ကောင်စီသတင်းရင်းမြစ်များထံမှ သိရှိရပါတယ်။ စစ်ကောင်စီဟာ ဖလမ်းမြို့ပြန်လည်ရရှိပြီးနောက် ...

ဆက်ဖတ်ရန်