
ဧပြီ ၃၀၊၂၀၂၆
Zalen
ကဆုန်လပြည့်နေ့ ၊ ညောင်ရေသွန်းပွဲတော် ကို မြို့ကြီးတွေမှာ မြန်မာပြည်ငြိမ်းချမ်းနေသယောင် ကျင်းပနေတဲ့ စစ်ကောင်စီတပ်က ကန်ပက်လက်မြို့နယ် ၊ကျင်ဒွေးကို လေကြောင်းကနေ ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။
ဒီကနေ့ ဧပြီလ ၃၀ ရက် ၊မွန်းလွဲ ၁ နာရီခွဲ ၀န်းကျင်က ကျောက်ထု မြို့ အမတ ၃၆၈ ကို လုံခြုံရေးကင်းထောက်ပျံသန်းပြီး အပြန်
ကျင်ဒွေးမြို့ ကို ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။
” မနေ့က နေရာကိုထပ်ပစ်တာ။ တံတားအလယ်တည့်တည့်ကိုကြဲတာတဲ့။ထိခိုက်သေဆုံးသူတွေရှိတယ်ကြားတယ်” လို့ ဒေသခံ တစ်ဦးက Zalen ကိုပြောပါတယ်။

ဆက်လက်ပြီး ထိခိုက်သေဆုံးသူတွေကတော့ သေချာအတိအကျမသိရသေးဘဲ ဒဏ်ရာရရှိသူရှိ၊မရှိကိုလည်း ဆက်လက်စုံစမ်းနေတယ်လို့ သူကဆိုပါတယ်။
ကျင်ဒွေး ၊မုန်းချောင်းတံတားကို မနေ့က ဧပြီ ၂၉ မှာ စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၉ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
သတင်း – မိုင်လှူးလှူး
ဓာတ်ပုံ- ယမန်နေ့က ကျင်ဒွေးကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး၊ပျက်စီးပုံ










