
မေ ၂၊၂၀၂၆
Zalen
ချင်းပြည်နယ်၊ ဖလမ်း–ဟားခါး ကားလမ်းပိုင်းကို စစ်ကြောင်းထိုးဖို့ ပြင်းပြင်းထန်ထန်းထိုးစစ်စင်နေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ မေ ၁ရက်နေ့ နေ့ခင်းပိုင်းချိန်လောက်ကစပြီး Thlanrawn ရွာသစ်နဲ့ Thlanrawn ရွာဟောင်းမှာရှိတဲ့ ပြည်သူ့နေအိမ်များကို ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်များဆီကသိရှိရပါတယ်။
အဆိုပါ Thlanrawn ကျေးရွာမှာ ဖလမ်းမြို့ကနေ ၁၅မိုင်ခန့် အကွာအဝေးတွင်ရှိပြီး ယင်းရွာဟောင်းမှာ အိမ်ခြေ၉၀ နီးပါးခန့်ရှိပြီး ရွာသစ်ကတော့အိမ်ခြေ ၂၀လောက်ရှိပါတယ်။ ဖလမ်း-ဟားခါး လမ်းရှိ ကျေးရွာများထဲတွင် လူဦးရေ အများဆုံးနေထိုင်ပြီးကလေးသူငယ် အလွန်များတဲ့ရွာ ဖြစ်တယ်လို့လည်း ဒေသခံစစ်ရှောင်နေရသူတဦးကဆိုပါတယ်။
ဒေသခံတဦးမှ “ ငါတို့တွေက ဘေးလွတ်ရာရှောင်နေကြတာ ဒီစစ်တပ်ကကောင်တွေ စစ်ကြောင်းထိုးလာတိုင်းငါတို့ရွာတွေကို ဘာလို့မီးရှို့နေကြတာလဲမသိဘူး ၊ ငါတို့ရွာသားတွေက ပြီးခဲ့တဲ့ ၂၀၂၂နှစ်ကလဲ တခါ မီးရှို့ခံရပြီ၊ အဲ့တုန်းကလူတချို့တွေတောင် အိမ်ပြန်မဆောက်နိုင်သေးတဲ့သူတွေ ရှိနေကြသေးတာ ခုတခါ ထပ်ရှို့ပြန်တော့ ငါတို့တွေရှေ့ဘယ်လိုရပ်တည်ရပါ့မလဲလို့” Zalen ကိုပြောပါတယ်။

အဆိုပါ Thlanrawn ရွာကို အကြမ်းဖက်စစ်တပ်ဟာ လွန်ခဲ့သော ၂၀၂၂ခုနှစ်ကလည်း မီးရှို့ဖျတ်ဆီးခဲ့ရာနေအိမ် ၁၀လုံးကျော်လောက် ပျာကျခဲ့တယ်ပြီး မနေ့ကလည်း တစ်ရွာလုံးနီပါး မီးလောင်ပျာကြသွားခဲ့ရတယ်လို့ဆိုပါတယ်။
ဒေသခံစစ်ရှောင်နေရသူမှ “ ဖလမ်းနယ်အချို့ကလူတွေကော ငါတို့ရွာခံတွေပါ လက်ရှိမှာဘေးလွတ်ရာ စစ်ရှောင်နေရကြတာဆိုတော့ ရှောင်နေတာလဲ ၃ရက်ကျော်ရှိပြီမို့ ငါတို့လူကြီးတွေထက် ကလေးသူငယ်တွေအစာရေစာပြတ်မှာစိတ်အပူဆုံးပဲလို့ “ကလေးမိခင်စစ်ရှောင်နေရသူကဆိုပါတယ်။
မနေ့က နေ့ခင်းလောက်အချိန်က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၄၀၀ ခန့်ဟာ Taalရွာနဲ့Tlangzar ကျေး ရွာအကြားသို့ ရောက်ရှိလာပြီး ဖလမ်း-ဟာခါးလမ်းပိုင်းတွင် အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့များနဲ့ ချင်းပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေတယ်လို့သိရှိရပါတယ်။
အကြမ်းဖက်စစ်တာဟာ ၎င်းတို့ရဲ့အုပ်ချုပ်ရေး ယန္တရားလည်ပတ်ဖို့အတွက်သာ အဓိကထားနေပြီး ကျေးရွာနေပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို မထောက်ရှုပဲ လေယာဉ် ဗုံးကြဲတာတွေ မီးရှို့ဖျတ်ဆီးတာတွေကို ချင်းမြောက်ပိုင်းဘက်မှာ နေ့စဉ်ဆိုသလိုပြုလုပ်လာနေပါတယ်။
မိုင်
ဓာတ်ပုံ-လူမှုကွန်ယက်(ပုံဟောင်း)










