ဂိတ်ကြေးတွေ အဆမတန်ကောက်နေတဲ့ ကလေး -ဖလမ်း လမ်းပိုင်းက စစ်တောင်းဂိတ်များ

မေ ၁၁၊ ၂၀၂၆
Zalen

စစ်ကောင်စီဟာ ဖလမ်းမြို့ကို ဧပြီ ၂၅ရက်​နေ့က ပြန်လည်သိမ်းယူပြီးနောက် ပြန်လည်တည်ထောင်ရေးတွေအလျင်အမြန်လုပ်ပြီး​နောက် ပြည်သူတွေ​နေရပ်ပြန်လာနိုင်ပြီ ဆိုကာ ကလေး-ဖလမ်း လမ်းပိုင်းတွေမှာ စစ်ကောင်စီ အထိုင်ဂိတ် ၅ခုနီးပါးဖွင့်လှစ်ပြီး ဂိတ်ဖြတ်ခငွေကြေးတွေ အဆမတန်ကောက်ခံနေတယ်လို့ ဒေသသတင်းရင်းမြစ်များထံမှသိရှိရပါတယ်။

အဆိုပါ ကလေး -ဖလမ်း လမ်းတလျှောက်ဂိတ်၅ခုမှာ တောင်ဖီလာဂိတ် ၊၈မိုင် ဂိတ်၊၉မိုင် ဂိတ်၊ခိုင်ကမ်း ရဲစခန်းနဲ့ ခိုင်ကမ်း ဘီးခွန် ဂိတ်တွေဖြစ်တယ်လို့ သိရပါတယ်။

ကလေး–ဖလမ်းလမ်းတလျှောက်ရှိ ယင်းစစ်ကောင်စီဂိတ်များတွင် ငွေကြေးအဆမတန် ကောက်ခံနေတာကြောင့် ဒေသခံပြည်သူများ ဟာနေရပ်သို့ မပြန်နိုင်သေးကြောင်းသိရပါတယ်။

Zalen ad

ဖလမ်းဒေသခံ စစ်တပ်ထောက်ခံပြည်သူတဦးက “ စစ်ဘေးရှောင်နေရလို့ဒုက္ခဖြစ်နေပါတယ်ဆို သူတို့ပြန်သိမ်းလို့ ငါတို့အေးအေးလူလူပြန်ရမလားထင်မိတာ မှားရော ကားကြီးတစီးကို စစ်ရှောင်တုန်းကတောင် သိန်း၂၀/၂၅ ပေးဌားရတာ အဲ့ဒါအပြီးအစီးနော် ၊ ခုဟာက စစ်တပ်ဂိတ်က ဂိတ်ဖြတ်ခတင် သိန်း ၈၀/၁၀၀ဆိုတော့ အတော့်ကိုလွန်တယ် ကားခဈေးက မေးတောင်မေးမကြည့်ချင်တော့ဘူး ပြန်မဲ့အစား ရောက်တဲ့နေရာစီးပွါးရေးပဲထလုပ်တာအေးမယ်လို့ “zalen သို့ပြောလာပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဂိတ်က ကုန်တင်ကားကြီးသိန်း ၈၀ မှ ၁၀၀ ကြား၊ ကားသေး သိန်း၃၀မှ ၅၀ကြား တောင်းခံနေတယ်လို့လည်း သိရှိရပါတယ်။

ခုလိုဂိတ်ကြေးတွေအဆမတန်ကောက်တာနဲ့ပတ်သတ်ပြီး ဒေသခံအမျိုးသမီးတဦးက “ ဒီဂိတ်တွေမှာ စကစ က ကားတွေ ဆက်ကြေးကောက်တာကြမ်းလွန်းတယ်။ အရင် ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဆို စေတနာရှိသလောက် ဒါမှမဟုတ် ၃၀၀၀၀/၅၀၀၀၀ ကျပ်လောက်နဲ့ပြီးတယ်ဗျ။ ခုလိုစစ်တပ်က လုပ်ရပ်ကို သူတို့အထက်ကမသိတာလားတော့မပြောတတ်ဘူး။ လက်ရှိငါတို့ ဖလမ်းပြန်ချင်တဲ့သူတွေ စရိတ်နဲ့တင်မပြန်နိုင်ကြဘူးလို့ “ဆိုလာပါတယ်

လက်ရှိတွင် ဖလမ်းမြို့နယ်အတွင်းသို့ ပြန်လည်ဝင်ရောက်နေနိုင်ပြီလို့ စစ်ကောင်စီဘက်က သတင်းတွေမှာ ဖော်ပြပါရှိပါတယ်။

ဖလမ်းမြို့နေပြည်သူများမှာ စစ်ကောင်စီကနေရပ်
ပြန်နိုင်ပြီပြောသော်လည်း လမ်းစရိတ်ခကြီးမားလွန်းတာကြောင့် နေရပ်ပြန်ရေးမှာ အခက်အခဲများစွာ ရှိနေသေးတယ်လို့သိရှိရပါတယ်။

က​လေး–တီးတိန်လမ်းပိုင်းတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွါးနေကြောင်းလည်းသိရပါတယ်။

မိုင်
ဓာတ်ပုံ- ကလေး ၈မိုင်ဂိတ် (ပုံဟောင်း)

ကလေး-ဖလမ်း#တောင်ဖီလာဂိတ်#၈မိုင် ဂိတ်#၉မိုင် ဂိတ်#ခိုင်ကမ်းရဲစခန်း#ခိုင်ကမ်းဘီးခွန် ဂိတ်#စစ်ကောင်စီ#ဂိတ်ဖြတ်ခအဆမတန်တောင်း#Zalen

နောက်ဆုံးရသတင်းများ

ဘုရားကျောင်းတွေ တိုက်ခိုက်ခံရမှုအပေါ် အမေရိကန်က စစ်ကောင်စီကို ဖိအားပေးဖို့ပြင်ဆင်နေ

မေ ၁၂၊ ၂၀၂၆Zalen မြန်မာနိုင်ငံထဲမှာရှိတဲ့ ခရစ်ယာန်ဘာသာရေး အဆောက် အအုံတွေကို မြန်မာစစ်ကောင်စီတပ်က တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရက အထူးစိုးရိမ်နေသလို၊ ဒီကိစ္စတွေအတွက် တာဝန်ရှိသူတွေကို အရေးယူဖို့ ပြင်ဆင်နေတယ်လို့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ပြောပါတယ်။ အမေရိကန် ...

ဆက်ဖတ်ရန်