ထိုင်းနိုင်ငံရှိလင်းနို့များမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးအသစ်တွေ့ရှိ

မေ ၁၃ ၊ ၂၀၂၆

Zalen

Zalen ad

ထိုင်းနိုင်ငံရှိ လင်းနို့များတွင် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲအသစ်တခုကို တွေ့ရှိကြောင်း ထိုင်းနိုင်ငံက အတည်ပြု ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြထားကြပါတယ်။

ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူ့အဖွဲ့အစည်းဝန်ကြီးဌာနဟာ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး တနင်္လာနေ့တွင် ယင်းတွေ့ရှိချက်ကို အတည်ပြုခဲ့ကြောင်း The Nation နေ့စဉ်သတင်းစာက မေလ ၁၁ ရက်နေ့မှာ ဖော်ပြထား ပါတယ်။

ကျန်းမာရေးအာဏာပိုင်များက ယခုအချိန်အထိ လူသားများတွင် ကူးစက်မှုမရှိသေးကြောင်း ပြောကြားခဲ့ပြီး လက်ရှိဖြစ်ပွားနိုင်ခြေမှာ နည်းပါးနေဆဲဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။

လူသား၊ တိရစ္ဆာန်နဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေးအကြား ဆက်စပ်မှုများကို စောင့်ကြည့်သည့် “One Health” ချဉ်းကပ်မှုအောက်တွင် လည်ပတ်နေတဲ့ တောရိုင်းတိရစ္ဆာန် စောင့်ကြည့်ရေးစနစ်မှတဆင့် ယင်းရှာဖွေတွေ့ရှိမှုကို ပြုလုပ်ခဲ့ပြီး ၎င်းတို့က အတည်ပြုခဲ့ကြောင်းသိရပါတယ်။

ကနဦးလေ့လာမှုများအရ COVID-19နဲ့ နှိုင်းယှဉ်ပါက ဗိုင်းရပ်စ်ဟာ ရောဂါပြင်းထန်မှုနဲ့ ကူးစက်နိုင်ခြေ သိသိသာသာ နည်းပါးကြောင်း ဖော်ပြထားပါတယ်။

လက်ရှိ COVID-19 ကာကွယ်ဆေးများသည် ရောဂါပြင်းထန်မှုကို လျှော့ချရာတွင် ထိရောက်မှုရှိနေဆဲဖြစ် ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။

ဒါ့ကြောင့်ပြည်သူတွေအနေနဲ့ အွန်လိုင်းပေါ်က သတင်းတွေကို မယုံကြည်ဖို့နဲ့ ပြန်လည်မမျှဝေခင်မှာ အစိုးရဌာနဆိုင်ရာတွေရဲ့ တရားဝင် ထုတ်ပြန်ချက်တွေကို အမြဲစစ်ဆေးဖို့လည်း ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုအဖွဲ့အစည်းဝန်ကြီးဌာန (DES) က တိုက်တွန်းထားပါတယ်။

ကိုးကား – aa.com/နိုင်ငံတကာသတင်းများ

သတင်း – Mickey

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်