အမေရိကန်နဲ့ တည်ငြိမ်သည့် ဆက်ဆံရေး တည်ထောင်မယ်လို့ သမ္မတရှီကျင့်ဖျင် ပြော

မေ ၁၄၊ ၂၀၂၆

Zalen

Zalen ad

တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှာ ကျင်းပလျက်ရှိနေတဲ့ ထိပ်သီးဆွေးနွေးပွဲမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ “အပြုသဘော မဟာဗျူဟာမြောက် တည်ငြိမ်တဲ့ ဆက်ဆံရေး” (Constructive Strategic Stable Relationship) တရပ်ကို တည်ထောင်ဖို့ သဘောတူညီခဲ့ကြပါတယ်။

ဒါဟာ လွန်ခဲ့တဲ့နှစ်တွေအတွင်း ဆိုးရွားလာခဲ့တဲ့ နှစ်နိုင်ငံဆက်ဆံရေးကို လမ်းကြောင်းသစ်ပေါ် ပြန်လည်ပြင်ဆင်ဖို့ ကြိုးပမ်းမှုတရပ် ဖြစ်ပါတယ်။

သမ္မတရှီကျင့်ဖျင်က တရုတ်နိုင်ငံဟာ အမေရိကန် စီးပွားရေးလုပ်ငန်းတွေအတွက် တံခါးပိုမိုဖွင့်လှစ်ပေးသွားမှာဖြစ်ပြီး အမေရိကန်ကုမ္ပဏီတွေဟာ တရုတ်နိုင်ငံရဲ့ တိုးတက်မှုမှာ ပါဝင်ကာ အကျိုးဖြစ်ထွန်းစေမယ်လို့ ပြောခဲ့ပါတယ်။

သမ္မတထရမ့်ဟာ သူရဲ့ တရုတ်ခရီးစဉ်အတွင်း အမေရိကန် ထိပ်တန်းကုမ္ပဏီကြီးတွေက  ခေါင်းဆောင်တဒါဇင်ခန့်ကို ခေါ်ဆောင်လာခဲ့ပါတယ်။

အမေရိကန် စိုက်ပျိုးရေးထုတ်ကုန်‌၊ လေယာဉ်နဲ့ တခြားကုန်ပစ္စည်းတွေကို တရုတ်ဘက်က ပိုမိုဝယ်ယူနိုင်ရေးအတွက် အဓိကထား တွန်းအားပေးနေပါတယ်။

ထိုင်၀မ်အရေးကိစ္စနဲ့ပတ်သက်လို့ ရှီကျင့်ဖျင်က ထိုင်ဝမ်မေးခွန်းဟာ နှစ်နိုင်ငံဆက်ဆံရေးမှာ အရေးကြီးဆုံးကိစ္စဖြစ်ပြီး၊ လွဲမှားစွာကိုင်တွယ်မိရင်  ပဋိပက္ခအတွင်းကို ကျရောက်သွားနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

သတင်းထောက်တွေရဲ့ ထိုင်ဝမ်အရေး ဆွေးနွေးမှုရှိမရှိ မေးမြန်းခဲ့ပေမယ့် ခေါင်းဆောင်နှစ်ဦးစလုံးက တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။ နှစ်နိုင်ငံ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး မေးမြန်ရာမှာတော့ ထရမ့်က “ကောင်းမွန်သည်” ဟု အတိုချုံး ပြောကြားခဲ့ပါတယ်။

ထရမ့်နဲ့ ရှီတို့ဟာ  ၁၅ ရာစုကတည်းက တည်ဆောက်ခဲ့တဲ့ သမိုင်းဝင် “ကောင်းကင်ကျောင်းတော်” (The Temple of Heaven) ကို သွားရောက်လည်ပတ်ခဲ့ကြပါတယ်။

သမ္မတထရမ့်ဟာ ၁၉၇၅ ခုနှစ်က သမ္မတ ဂျဲရက် ဖော့ဒ် နောက်ပိုင်း အဲဒီကျောင်းတော်သို့ ရောက်ရှိလာတဲ့ ဒုတိယမြောက် အမေရိကန်သမ္မတ ဖြစ်လာပါတယ်။

ထရမ့်က တရုတ်နိုင်ငံရဲ့ လှပမှုနဲ့ ကျောင်းတော်ရဲ့ ခမ်းနားမှုကို ချီးကျူးစကား ပြောကြားခဲ့ပါတယ်။

Stimson Center မှ ကျွမ်းကျင်သူ ကယ်လီဂရီကိုရဲ့ အဆိုအရ၊ ထရမ့်ဟာ အမေရိကန်အတွက် အကျိုးရှိမယ့် စီးပွားရေးသဘောတူညီချက်တွေ ရယူနိုင်ရေးကို အထူးစိတ်ဝင်စားနေတယ်လို့ သိရပါတယ်။  တရုတ်နိုင်ငံဟာ မြေရှားသတ္တုတင်ပို့မှုလို အားသာချက်တွေကို အသုံးချကာ အပြန်အလှန် အကျိုးအမြတ်အတွက် ညှိနှိုင်းနိုင်ဖွယ်ရှိနေတယ်လို့ သုံးသပ်နေကြပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်တွေဟာ နိုင်ငံတော်အဆင့် ဂုဏ်ပြုညစာစားပွဲ တက်ရောက်ဖို့ ရှိနေပြီး၊ နောက်ထပ် တရက်ကြာ ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ကိုးကား – Reuters

Helen

နောက်ဆုံးရသတင်းများ

ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်နေလို့ တနိုင်ငံလုံး မိုးကြီးနိုင်

မေ ၁၄၊ ‌၂၀၂၆Zalen ဘင်္ဂလားပင်လယ်အော်ထဲမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် ဒီလ မေ ၁၇ ရက်နေ့အထိ မြန်မာနိုင်ငံတဝန်းမှာ မိုးကြီးနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်းစာနာဝန်ကြီးဌာန (MOHADM) က သတိပေးလိုက်ပါတယ်။ ...

ဆက်ဖတ်ရန်