ဇူလိုင် ၄ရက် ကနေ ၆ ရက်အတွင်း ချင်း အပါအ၀င် ပြည်နယ် လေးခုမှာ ရက်ဆက်မိုးကြီး၊ ရေကြီး၊ မြေပြိုနိုင်

ဇွန် ၃၀၊ ၂၀၂၆
Zalen

လာမယ့် ဇူလိုင်လဆန်းပိုင်းမှာ ဖြစ်လာမယ့် မုတ်သုံလေအဆမတန် အားကောင်းမှုကြောင့် ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် နဲ့ ကရင်ပြည်နယ်တွေမှာ ရက်ဆက်မိုးကြီးပြီး ဇူလိုင် ၄ ရက်ကနေ ၆ ရက်အတွင်း လျှပ်တပြက်ရေကြီးတာနဲ့ မြေပြိုတဲ့ ဘေးအန္တရာယ်တွေ ကြုံရနိုင်ခြေ အလွန်မြင့်မားနေတယ်လို့ မိုးလေဝသ ကျွမ်းကျင်သူ ဦး၀င်းနိုင်က ပြောပါတယ်။

ဘင်္ဂလားပင်လယ်အော်နဲ့ တောင်တရုတ်ပင်လယ်ထဲက မုန်တိုင်းစနစ်နှစ်ခုရဲ့ ကြားညှပ်ဆွဲအားကြောင့် မုတ်သုံလေစီးကြောင်းက ရခိုင်ကမ်းရိုးတန်းနဲ့ ကုန်းတွင်းပိုင်းတောင်တန်းဒေသတွေဆီကို တိုက်ရိုက်အရှိန်ပြင်းပြင်းနဲ့ တိုးဝင်လာမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် နဲ့ ကရင်ပြည်နယ်တွေမှာ မိုးက သည်းသည်းမည်းမည်းနဲ့ ရက်ဆက်ရွာသွန်းဖို့ ရှိနေပြီး အထူးဂရုပြုဖို့ လိုအပ်နေပါတယ်။

Zalen ad

ရက်ဆက်မိုးမိပြီး မြေသားတွေ ပွလာနိုင်တာမို့ တောင်စောင်းတွေ၊ လမ်းဘေးမြေကတုတ်တွေနားမှာ မြေပြိုမယ့်အန္တရာယ် ရှိတယ်လို့ ဆိုပါတယ်။

မြစ်ငယ်၊ ချောင်းငယ်နှင့် မြေနိမ့်ပိုင်းများ တောင်ကျရေတွေ တစ်ဟုန်ထိုးဆင်းလာပြီး နာရီပိုင်းအတွင်း လျှပ်တပြက်ရေကြီးတာမျိုး ကြုံရနိုင်ပါတယ်။

ကုန်းမြင့်ဒေသတွေနဲ့ မြစ်ချောင်းဘေးတွေမှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေအနေနဲ့ မိမိတို့ပတ်ဝန်းကျင်က ရေမျက်နှာပြင်အခြေအနေနဲ့ မြေသားအခြေအနေတွေကို မျက်ခြေမပြတ် စောင့်ကြည့်ကြဖို့ သတိပေးထားပါတယ်။

အရေးပေါ်ရွှေ့ပြောင်းရမယ့် အစီအစဉ်တွေကို ကြိုတင်ပြင်ဆင်ထားကြဖို့နဲ့ မလိုအပ်ဘဲ ခရီးသွားလာတာမျိုးတွေကို ဇူလိုင် ၄ ရက်ကနေ ၆ ရက်အတွင်း ရှောင်ကြဉ်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

လာမည့် ဇူလိုင် ၃ ရက်မှ ၁၀ ရက်အတွင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာ၀တီ၊ တနင်္သာရီ၊ကရင်၊ မွန်နဲ့ ရခိုင်ပြည်နယ်တို့မ မိုးကြီးနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ ဇွန် ၃၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Mary

#ချင်း #မိုးလေဝသ#မိုးကြီး#Zalen

နောက်ဆုံးရသတင်းများ

ကွန်ဂိုနိုင်ငံက Patrice Lumumba ရဲ့ ရုပ်တုပုံစံနဲ့ ဖျော်ဖြေသူကို ကမ္ဘာ့ဖလားပွဲစဉ်မှာ တွေ့မြင်ရ

ဇွန် ၃၀၊ ၂၀၂၆Zalen ကွန်ဂိုနိုင်ငံရဲ့ လွတ်လပ်ရေးခေါင်းဆောင် Patrice Lumumba ရဲ့ ရုပ်တုပုံစံနဲ့ ဖျော်ဖြေလေ့ရှိတဲ့ Michel Nkuka Mboladinga ဟာ အာဖရိကနိုင်ငံများဖလား (Africa Cup of Nations) ပြိုင်ပွဲ ...

ဆက်ဖတ်ရန်