ကွန်ဂိုနိုင်ငံက Patrice Lumumba ရဲ့ ရုပ်တုပုံစံနဲ့ ဖျော်ဖြေသူကို ကမ္ဘာ့ဖလားပွဲစဉ်မှာ တွေ့မြင်ရ

ဇွန် ၃၀၊ ၂၀၂၆
Zalen

ကွန်ဂိုနိုင်ငံရဲ့ လွတ်လပ်ရေးခေါင်းဆောင် Patrice Lumumba ရဲ့ ရုပ်တုပုံစံနဲ့ ဖျော်ဖြေလေ့ရှိတဲ့ Michel Nkuka Mboladinga ဟာ အာဖရိကနိုင်ငံများဖလား (Africa Cup of Nations) ပြိုင်ပွဲ လူမှုကွန်ရက်မှာ ကျော်ကြားခဲ့သူဖြစ်ပါတယ်။

သူဟာ ပွဲစဉ်တလျှောက်လုံး ပွဲကြည့်စင်တခုပေါ်မှာ လက်ယာလက်ကိုမြှောက်လျက် ရုပ်တုကဲ့သို့ ငြိမ်သက်စွာ ရပ်တည်ပြီး သူရဲ့ပါးစပ်ကိုပိတ်ပြီး ဦးခေါင်းကို သေနတ်ချိန်ထားတဲ့ပုံစံမျိုးဖြင့် ဖျော်ဖြေလေ့ရှိသူဖြစ်ပါတယ်။

Zalen ad

အခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွန်ဂိုအသင်းရဲ့ ပွဲစဉ်အချို့ကို လွဲချော်ခဲ့ရပြီးနောက်၊ ဇွန်လ ၂၃ ရက် အင်္ဂါနေ့က ကစားခဲ့သော ကွန်ဂိုနဲ့ ကိုလံဘီယာတို့ရဲ ကမ္ဘာ့ဖလားအုပ်စု (K) ပွဲစဉ်မှာ Michel Nkuka Mboladinga ပထမဆုံးအကြိမ် ပါဝင်လာခဲ့ပါတယ်။

၎င်းဟာ ပေါ်တူဂီအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပွဲဦးထွက်ကို အီဘိုလာရောဂါကြောင့် သီးသန့်ခွဲထားခြင်း (quarantine) စည်းမျဉ်းများအရ လွဲချော်ခဲ့ရပါတယ်။

Lumumba Vea လို့ လူသိများတဲ့ ၎င်းဟာ ပွဲစဉ်မစမီ တနာရီအလိုကတည်းက Estadio Akron ဘောလုံးကွင်းအတွင်းရှိ မိမိရဲ့ နေရာမှာ ရောက်ရှိနေခဲ့ပါတယ်။

သူဟာ အနီရောင်ဂျာကင်အင်္ကျီ၊ အဝါရောင်ရှပ်အင်္ကျီနဲ့ အပြာရောင်ဘောင်းဘီတို့ကို ဝတ်ဆင်ထားပါတယ်။

ပွဲစတင်ချိန်မှစ၍ ကွန်ဂိုအသင်းရဲ့ အရန်ခုံတန်းနောက်ဘက်ရှိ ခုံတခုပေါ်မှာ လက်ယာလက်ကို မြှောက်လျက် ရုပ်တုကဲ့သို့ ငြိမ်သက်စွာ ရပ်တည်ခဲ့ပါတယ်။

ပွဲအပြီးမှာလည်း မိနစ်အနည်းငယ်ကြာ ဆက်လက်ရပ်တည်ခဲ့ပါတယ်။ ၎င်းရဲ့အပြုအမူကို ဖီဖာရဲ့ရုပ်သံကင်မရာတွေဟာ အဆိုပါမြင်ကွင်းကို ချက်ချင်းပဲဖြတ်တောက်လိုက်တယ်လို့သိရပါတယ်။

Patrice Lumumba ဟာ ၁၉၆၀ ခုနှစ်တွင် ဘယ်လ်ဂျီယံရဲ့ ကိုလိုနီအုပ်ချုပ်မှုအောက်မှ ကွန်ဂိုနိုင်ငံကို လွတ်မြောက်စေရန် ကူညီပေးခဲ့သူဖြစ်ပြီး၊ လွတ်လပ်ရေးရပြီးနောက် ကွန်ဂိုနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။

သို့သော်လည်း တနှစ်အတွင်းမှာပင် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။

အခုနှစ် မတ်လအတွင်းက ဘယ်လ်ဂျီယံတရားရုံးတခုဟာ Lumumba ကို လုပ်ကြံမှုမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိသူ ၁၀ ဦးအနက် နောက်ဆုံးကျန်ရှိနေတဲ့ အသက် ၉၃ နှစ်အရွယ် သံတမန်ဟောင်း Etienne Davignon ကို “စစ်ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်မှု” ဖြင့် တရားစွဲဆိုဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

သတင်း-ဆလိုင်း

နောက်ဆုံးရသတင်းများ

ဇူလိုင် ၄ရက် ကနေ ၆ ရက်အတွင်း ချင်း အပါအ၀င် ပြည်နယ် လေးခုမှာ ရက်ဆက်မိုးကြီး၊ ရေကြီး၊ မြေပြိုနိုင်

ဇွန် ၃၀၊ ၂၀၂၆Zalen လာမယ့် ဇူလိုင်လဆန်းပိုင်းမှာ ဖြစ်လာမယ့် မုတ်သုံလေအဆမတန် အားကောင်းမှုကြောင့် ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် နဲ့ ကရင်ပြည်နယ်တွေမှာ ရက်ဆက်မိုးကြီးပြီး ဇူလိုင် ၄ ရက်ကနေ ၆ ရက်အတွင်း လျှပ်တပြက်ရေကြီးတာနဲ့ ...

ဆက်ဖတ်ရန်