ချင်းပြည်နယ်မှာ စစ်ကောင်စီရဲ့ ထိုးစစ်ကို AA နဲ့ မဟာမိတ်တပ်ပေါင်းစုတွေ စုစည်းတွန်းလှန်နိုင်ခဲ့ဟု ဆလိုင်းယောမာန်ပြော

Zalen

ချင်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီရဲ့ ထိုးစစ်ကို အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်တပ်ပေါင်းစုတွေ ပူးပေါင်းဆောင်ရွက်မှုနဲ့ အောင်မြင်စွာ ဟန့်တားနိုင်ခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/CPA) ရဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန် က ပြောပါတယ်။

မနေ့ ဇူလိုင်လ ၁ ရက်နေ့က CPU/CPA ထိန်းချုပ်နယ်မြေအတွင်း စစ်ဘေးရှောင်ပြည်သူများအတွက် ပြုလုပ်တဲ့ ရန်ပုံငွေဈေးရောင်းပွဲတော်မှာ CPU/CPA ရဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က အခုလို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

မင်းတပ်မြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်တွေမှာ ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့ကတည်းက တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အင်အား ၂,၀၀၀ ဝန်းကျင်ခန့်နဲ့ တရကြမ်းထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။

Zalen ad

ဒါပေမဲ့ CPU/CPA၊ AA နဲ့ ဒေသတွင်း မဟာမိတ်တပ်ပေါင်းစုတွေက ညီညွတ်စွာဖြင့် ဝိုင်းဝန်းတွန်းလှန်တိုက်ခိုက်နိုင်ခဲ့ခြင်းကြောင့် ချင်းပြည်နယ်နယ်မြေကို ကာကွယ်ထားနိုင်ခဲ့တာဖြစ်တယ်လို့ ဆလိုင်းယောမာန် က ဆိုပါတယ်။

လက်ရှိမှာ AA နဲ့ ပူးပေါင်းဆင်နွှဲနေတဲ့ တိုက်ပွဲတွေဟာ ရေရှည်သွားရမယ့် အခြေအနေရှိနေသဖြင့် ရှေ့တန်းစစ်မျက်နှာအပြင် နောက်တန်းမှပါ ဝိုင်းဝန်းကူညီပေးကြဖို့ ၎င်းက တိုက်တွန်းပြောကြားပါတယ်။

လက်ရှိအချိန်မှာ CPU/CPA အနေဖြင့် ချင်းပြည်နယ်အတွင်းရှိ မင်းတပ်၊ မတူပီနဲ့ ကန်ပက်လက်မြို့နယ်တွေကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။

ပြည်သူများအနေနဲ့ တိုက်ပွဲတွေနဲ့ စစ်ဘေးရှောင်ပြည်သူများအတွက် မိမိတို့ တတ်နိုင်တဲ့ဘက်ကနေ တခဲနက် ဝိုင်းဝန်းကူညီပေးကြဖို့လည်း တောင်းဆိုထားပါတယ်။

သတင်း-ဆလိုင်း

နောက်ဆုံးရသတင်းများ

ထန်တလန်မှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက အဆိပ်ပါတဲ့ဗုံးများပါအသုံးပြုလာ

ဇွန် ၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်မှာ အကြမ်းဖက်စစ်တပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေကြား နေ့စဉ် ရက်ဆက်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်က အဆိပ်ပါတဲ့ဗုံးတွေပါအသုံးပြုလာနေ တယ်လို့ သတင်းအရင်းအမြစ်တွေကပြောကြပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ဇွန်လ ဆန်းပိုင်းကနေစလို့ ဟားခါးမြို့ကနေ ထန်တလန်မြို့ဘက်ကို စစ်အင်အား ၃၀၀ ...

ဆက်ဖတ်ရန်