ကချင်ပြည်နယ်တွင် လူဦးရေ ၆,၈ဝဝ ကျော် အသစ်ထပ်မံနေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရပါသည်။

မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်တို့အကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ဧပြီလဆန်းမှစ၍ ကချင်ပြည်နယ်တွင် လူဦးရေ ၆,၈ဝဝ ကျော် အသစ်ထပ်မံနေရပ်စွန့်ခွာလာခဲ့သည်ဟု United Nations OCHA Myanmar က ယနေ့ထုတ်ပြန်သည်။

ယခုကဲ့သို့ နေရပ်စွန့်ခွာတိမ်းရှောင်မှုသည် ကချင်ပြည်နယ် မြို့နယ် (၆)မြို့နယ်တွင်ဖြစ်ပွားခဲ့ပြီး တစ်ချို့ဒေသတွင် ပြည်တွင်းနှင့် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများသွားလာရန်ခက်ခဲလျက်ရှိသည်ဟုဖော်ပြထားသည်။

ထောင်ပေါင်းများစွာသော လူများမှာ မြို့ပေါ်နေရာများသို့ ရှောက်ရှိလာကြပြီး၊ ခရစ်ယာန်ဘုရားကျောင်းများ၊ မူလရှိပြီးသား နေရပ်စွန့်ခွာတိမ်းရှောင်သူ စခန်းများ၊ လက်ခံမိသားစုများနှင့်အတူ နေထိုင်ကြရလျက်ရှိကာ၊ ပြည်ထောင်စု၊ ပြည်နယ်၊ ဒေသတွင်းအစိုးရအဖွဲ့များ၊ ပြည်တွင်းနှင့် နိုင်ငံတကာမှ အကူအညီပေးရေးအဖွဲ့အစည်းများ၊ ပြည်တွင်းအရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ တစ်သီးပုဂ္ဂလအလှူရှင်များမှ အကူအညီများ ပေးလျက်ရှိပါသည်။

Zalen ad

နောက်ဆုံးရသတင်းများ

(၇၀) ကြိမ်မြောက် CSW အစည်းအဝေးတွင် မြန်မာနိုင်ငံ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး တိုက်တွန်း

မတ် ၁၄ ၊ ၂၀၂၆ Zalen နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပတဲ့ Commission on the Status of Women (CSW)ရဲ့  (၇၀) ကြိမ်မြောက် အစည်းအဝေး “အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် ...

ဆက်ဖတ်ရန်