ချင်းနဲ့ရခိုင်အရပ်သားတွေတွက် အမေရိကန်က စိုးရိမ်ကြောင်းသတင်းထုတ်ပြန်

 

ချင်းနဲ့ရခိုင်အရပ်သားတွေတွက် အမေရိကန်က စိုးရိမ်ကြောင်းသတင်းထုတ်ပြန်

အေအေနဲ့ မြန်မာ့တပ်မတော်ကြား တိုက်ပွဲများကြောင့် ထိခိုက်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ရှိ အရပ်သားတွေအတွက် အမေရိကန်ပြည်ထောင်စုက များစွာစိုးရိမ်မကင်းဖြစ်ပါတယ်လို့ ဧပြီလ (၂)ရက်နေ့က ရန်ကုန်မြို့၊ အမေရိကန်သံရုံးက ထုတ်ပြန်လိုက်ပါတယ်။

Zalen ad

ဒါ့ပြင် တိုက်ပွဲတွေရပ်တန့်နိုင်ရေးနဲပ ပဋိပက္ခချုပ်ငြိမ်းရေးကို ဦးတည်ပြီး ထပ်မံကြိုးပမ်းကြဖို့ သက်ဆိုင်သူတွေအားလုံးကို မိမိတို့တိုက်တွန်းပါတယ်လို့ဖော်ပြထားပါတယ်။

ယင်းထုတ်ပြန်ချက်ထဲတွင် ပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူ ၁၇,၀၀၀ ကျော်အတွက် လိုအပ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများကို အပြည့်အဝပေးနိုင်ရေး အာဏာပိုင်တွေက ခွင့်ပြုချက်မပေးသေးဟာလည်း မိမိတို့များစွာပူပန်နေရပါတယ်။ နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေဆီ စားနပ်ရိက္ခာအကူအညီအချို့ရောက်ရှိနိုင်ရေးကို အာဏာပိုင်များကခွင့်ပြုထားခြင်းကို မိမိတို့ အသိအမှတ်ပြုပါတယ်။ လိုအပ်နေသေးတဲ့ အကူအညီဟာ ပမာဏကြီးမားနေပါသေးတယ်လို့ဖော်ပြထားပါတယ်။

လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီပေးရေးအဖွဲ့အစည်းတွေဝင်ရောက်ခွင့်ကို ကန့်သတ်ထားခြင်းကြောင့် ရခိုင်ပြည်နယ်ထဲက ငါးမြို့နယ်မှ အနည်းဆုံးအရပ်သား ၉၅၀၀၀ တို့ဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလကစပြီး ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနဲ့ သန့်ရှင်းသောရေတို့ကို မရရှိနိုင်ဘဲဖြစ်နေတယ်။

နေရပ်စွန့်ခွာထွက်ပြေးရသူ ၁၀၀,၀၀၀ ကျော်ရှိနေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တို့တွင်လည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးနိုင်ရေးသည် အမြဲလို အဟန့်အတားတစ်ရပ် ဖြစ်နေပါတယ်။

ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့သို့ လူသားချင်းစာနာမှုအကူအညီပေးရေး အဖွဲ့အစည်းများအားအားထားလောက်သော ကူညီဆောင်ရွက်မှုများ ဝင်ရောက်လုပ်ကိုင်ခွင့်ပြုပါရန် မြန်မာအစိုးရနှင့် တပ်မတော်တို့ကို မိမိတို့က တိုက်တွန်းပါသည်။ သို့မှသာ ထိုအဖွဲ့များ၏ လုပ်လက်စ လုပ်ငန်းများ၊ အရေးကြီး အထောက်အပံ့ပေးမှုများနှင့် လူ့အသိုက်အဝန်းအားလုံး၏ဘဝများ တိုးတက် ကောင်းမွန်ရေးအတွက် လိုအပ်ချက်အကဲဖြတ်မှုများကို ပြန်လည်ဆောင်ရွက်နိုင်ပါလိမ့်မယ်လို့ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်