ဝန်ကြီးဆလိုင်းအိုက်ဇက်ခင်အား တာဝန်အပြောင်းအလဲမပြုလုပ်ဖို့ ပလက်ဝ ဧဝံဂေလိခရစ်ယာန်မဟာမိတ်ကတောင်းဆို

ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်ကို တာဝန်အပြောင်းအလဲမပြုလုပ်ဖို့ လက်ရှိတာဝန်ကို ဆက်လက်ထမ်းဆောင်စေရန် ပလက်ဝ ဧဝံဂေလိခရစ်ယာန်မဟာမိတ်က  မေလ(၁၂)ရက်နေ့စွဲနဲ့သဘောထားထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ခုတလော ချင်းပြည်နယ်အစိုးရက ဝန်ကြီးဆလိုင်းအိုက်ဇက်ခင်အပါအဝင် ဝန်ကြီးသုံးဦးကို တာဝန်အပြောင်းအလဲလုပ်မယ်လို့ ပြည်နယ် NLDပါတီနဲ့ လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲ့က သတင်းမီဒီယာတွေမှာပြောထားပါတယ်။

တကယ်လို့ တာဝန်အပြောင်းအလဲရှိလာမယ်ဆိုပါက ပလက်ဝမြို့နယ်တိုးတက်ဖွံ့ဖြိုးမှုနှောင့်နှေးစေနိုင်ကြောင်း၊ လူမျိုးရေးစိတ်ဓာတ် သွေးဝန်းကွဲပြား၊ ထိပါးစေနိုင်ကြောင်း၊ ပလက်ဝမြို့နယ်ရဲ့ အနာဂတ်ပါတီနိုင်ငံရေးအပြောင်းအလဲဖြစ်စေနိုင်ကြောင်း သဘာထားထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

Zalen ad

“ပြောချင်တာက ပလက်ဝမှာ NLD ကိုအားကိုးနေကြတယ်။ ဆလိုင်းအိုက်ဇက်ခင်လည်းအားကိုးနေတဲ့ကြားထဲမှာ ဒီလိုမျိုးဖြစ်သွားရင် ဒီပါတီကိုစိတ်ပျက်နေကြမလားဆိုပြီး အားလုံးကစိတ်ပူကြတယ်။ သူကမြို့ပြစီမံကိန်းတွေစီစဉ်နေတယ်။ မီးရောဘာရော သူကအားလုံးစီစဉ်နေတော့ အားလုံးကသူ့ကိုမှော်ကိုးနေကြတယ်။ သူ့နေရာကိုတခြားလူက အစားထိုးရင် ဒီဟာကိုနားမလည်ပဲနှောင့်နှေးသွားမယ်လို့စိတ်ပူနေကြတယ်”လို့ ပလက်ဝ ဧဝံဂေလိခရစ်ယာန်မဟာမိတ် ဥက္ကဌ သိက္ခတော်ရဆရာတော် လိုင်ဘေးကဆိုပါတယ်။

ပလက်ဝ ဧဝံဂေလိခရစ်ယာန်မဟာမိတ်က ထုတ်ပြန်ထားတဲ့စာထဲမှာ ဝန်ကြီးဆလိုင်းအိုက်ဇက်ခင်ဟာ ဘာသာတရားကိုင်းရှိုင်းပြီး သမ္မာသတိရှိသူ၊ မတူညီတဲ့ ဘာသာကြီးတွေကြား သဟာဇာတဖြစ်အောင် ဖော်ဆောင်ပေးနေသူဖြစ်ကြောင်း၊ အမျိုးသာအမြင်၊ နိုင်ငံရေးအမြင်စသောရှင်းလင်းပြတ်သားတဲ့ အမြင်ရှိသူဖြစ်လို့ခေါင်းဆောင်မှုအရည်အချင်းရှိသူလည်းဖြစ်ပါတယ်။ ဝန်ကြီးသက်တမ်းကာလ ဖွံ့ဖြိုးတိုးတက်မှုထင်သာမြင်သာမှုရှိလို့ အနာဂတ်မှာ လမ်းပြကြယ်သဖွယ်အားကိုးအားထားထိုက်သူဖြစ်ပါတယ်လို့ရေးသားထားပါတယ်။

 

နောက်ဆုံးရသတင်းများ

မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီ လေကြောင်းပစ်ခတ်မှု သုံးရက်ဆက်တိုက်ပြုလုပ်

မေ ၁၃ ၊၂၀၂၆Zalen ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ် ကို စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ ၃ ရက်ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။ ဒီကနေ့ ညနေ ၄ နာရီ၀န်းကျင်တုန်းကလည်း မင်းတပ်မြို့ပေါ်ကို ဂျက်ဖိုက်တာ ၂စီးနဲ့ လေကြောင်းကနေ တကြိမ် ...

ဆက်ဖတ်ရန်