မြန်မာ CDM တွေကူညီဖို့ အိန္ဒိယနိုင်ငံတွင် သိန်း (၁၀၀) နီးပါးအလှူငွေရရှိ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့တော်တွင် မနေ့က Mobile Charity Concert ပြုလုပ်ရာ မြန်မာကျပ်ငွေ သိန်း ၁၀၀ နီးပါး (အိန္ဒိယ ရူးပီး ၅၁၉,၀၀၉) ရရှိတယ်လို့သတင်းရရှိပါတယ်။

ယင်း Mobile Charity Concert တွင်မြန်မာနိုင်ငံမှ အဆိုတော် Benjamin Sum ပါဝင်ပြီး မီဇိုရမ်ပြည်နယ်မှ နာမည်ကြီးအဆိုတော်အများအပြားလည်း ပါဝင်သီဆိုကြပါတယ်။

လက်ရှိ မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံဘက်မှ ထွက်ပြေးတိမ်းရှောင်နေသူ ၄၀၀ ခန့်ရှိပါတယ်။

Zalen ad

မီဇိုရမ်ပြည်နယ်ဟာ အိန္ဒိယအစိုးရထံ လွတ်လပ်ရေးရယူဖို့ ၁၉၆၆ ခုနှစ်ဝန်းကျင်တွင် လက်ရှိ မီဇိုရမ်ပြည်နယ်အစိုးရတာဝန်ယူထားတဲ့ MNF (Mizo National Front) နဲ့ အိန္ဒိယအစိုးရတို့တိုက်ပွဲဖြစ်ပွားစဉ် မြန်မာနိုင်ငံဘက်သို့ အများအပြားထွက်ပြေးတိမ်းရှောင်လာကြပါတယ်။

ယင်းအချိန်က မီဇိုရမ်ဒုက္ခသည်တွေပေါ် မြန်မာပြည်သူတွေရဲ့ နွေးထွေးစွာပြုစုကူညီခဲ့တာ ဒီချိန် ကျေးဇူးပြန်ဆပ်ရမယ့်အချိန်ဖြစ်ကြောင်း၊ မိမိတို့ဟာ အမျိုးတွေအပေါ် သစ္စာဖောက်တဲ့အမျိုးတွေမဟုတ်ကြောင်းပြသဖို့လိုတယ်ဆိုပြီး Mobile Charity Concert တွင်ဦးဆောင်သူတစ်ယောက်က ပြောကြားပါတယ်။

ဆက်ဖတ်ရန်