တမူးမြို့တွင် စစ်တပ်ကပစ်လို့ ၂ ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရရှိ

အိန္ဒိယ-မြန်မာ နယ်စပ် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် မနေ့ည (မတ် ၂၅) ည ၁၁ နာရီခွဲခန့်တွင် စစ်တပ်နဲ့ ရဲတို့က နီလာဝင်းရွှေ နဲ့ ဖုန်းဆိုင်သို့ဝင်စီးစဉ် လူစုလူရုံးဖြစ်ကာ စက်သေနတ်နဲ့ပစ်ခတ်လို့ ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိကြတယ်လို့သတင်းရရှိပါတယ်။

သေဆုံးသူဟာ စန္ဒကူးရပ်ကွက်က ကိုမျိုးမြင့်အောင် (ခ)ဖိုးကုလား (၃၄နှစ်)ဖြစ်ပြီး အလောင်းကို ဒီနေ့ ညနေ ၂ နာရီတွင် သဂြိုလ်မှာဖြစ်ပါတယ်။ ၎င်းတို့ ဇနီးနဲ့ ကလေး ၁ ယောက် ကျန်ရစ်ခဲ့တယ်။ ပြင်းထန်ဒဏ်ရာရရှိတဲ့ ကိုနန်းဦး (၃၀နှစ်ဝန်းကျင်)လည်း ဒီမနက် ၁၀ နာရီခန့်က ထပ်မံကျဆုံးသွားတယ်လို့သတင်းရရှိပါတယ်။

အခင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးက “မနေ့ည ၁၁ နာရီခွဲလောက်က စစ်ကား ၂ စီးနဲ့ ရဲကား ၁ စီးက နီလာဝင်းရွှေဆိုင်ရှေ့မှာလာရပ်တယ်။ သူတို့က ဖုန်းလည်းရောင်းတယ်။ အိမ်တံခါးကိုဖွင့်ပေးဖို့ပြောပေမယ့် မဖွင့်တော့ သေနတ်ပါပစ်ဖောက်တယ်။ အိမ်ရှင်တို့က နိုင်ငံရေးနဲ့ပတ်သက်တာလည်းမရှိဘူး။ အိမ်ထဲလည်းမဝင်နိုင်ဘူး။ ဒါနဲ့အနီးနားကလူတွေ စုရုံးလာကြတာကို စစ်ကားပေါ်ကနေ စက်သေနတ်နဲ့လိုက်ပစ်တော့ ၁ ဦးပွဲချင်းသေဆုံးတယ်။ ၇ ဦးဒဏ်ရာရတဲ့ထဲမှာ ၃ ဦးက စိုးရိမ်းတဲ့အခြေအနေမှာရှိတယ်။ သူတို့က ဆီးခုံ၊ ခေါင်း၊ ရင်ဘတ်ထိတာ၊ ပေါင်ထိတာတွေရှိတယ်။ ဒဏ်ရာရတဲ့သူတွေကို ချက်ချင်း ပြည်သူ့ဆေးရုံကို ဆိုင်ကယ်နဲ့ပို့ကြတယ်” လို့ပြောပါတယ်။

Zalen ad

မနေ့က တမူးမြို့က ဆန္ဒပြတဲ့သူတွေနဲ့ စစ်တပ်နဲ့ရဲတို့ဟာ ထွေအုပ်ရုံးရှေ့တွင်ထိုက်တိုက်တွေ့လို့ နာရီအတော်ကြာ ပိတ်မိပေမယ့် ငြိမ်းချမ်းစွာလူစုပြန်ခွဲကြပါတယ်။ အခုလို ပစ်ခတ်မှုဟာ တမူးမြို့တွင် ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်