ဝမ်း‌ဗိုက်‌ကျည်ထိပြီး ‌ကလေးမြို့တွင် သူရဲကောင်းတစ်ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ် ငဖားကျေးရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူကြားပစ်ခတ်မှုကြောင့် ဝမ်းဗိုက်ကျည်ထိတဲ့ ကလေးမြို့နယ်၊ သံဖိုရွာသား ဆလိုင်းထန်ဆန်(Salai Than Sang)-၂၆ နှစ်ဟာ ဒီမနက်(ဧပြီ ၃ရက်) ၂ နာရီတွင်ကျဆုံးသွားတယ်လို့သတင်းရရှိပါတယ်။

ဧပြီလ (၁)ရက်တွင် ငဖားကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူကြားပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

ကျည်ထိဒဏ်ရာရပြီးနောက် ကလေးမြို့နယ် နတ်ချောင်းရွာတိုက်နယ်ဆေးခန်းသို့ပို့ဆောင်ပေမယ့် ကိရိယာမလုံလောက်တာကြောင့် အနာသက်သာဆေးထိုးပြီး ဆေးကုသကြပါတယ်။ ဧပြီလ ၂ ရက်ညနေ ၉ နာရီတွင် ခွဲစိပ်ပြီး ဒီမနက်မှာ ကျဆုံးသွားတာဖြစ်တယ်။ အလောင်းကို ဇာတိရွာသို့ပြန်လည်သယ်ဆောင်ကြပါတယ်။

Zalen ad

ကလေးမြို့နယ်တွင် စစ်အာဏာသိမ်းပြီးနောက် ကျဆုံးသူ ၁၇ ဦးရှိပါပြီ။ လက်ရှိကလေးမြို့တွင် စစ်အာဏာသိမ်းကိုဆန့်ကျင်တဲ့ သပိတ်တွေဆက်လက်ဆင်နွဲနေကြပါတယ်။

နောက်ဆုံးရသတင်းများ

မီဇိုရမ်ရှိ မြန်မာစစ်ဘေးရှောင်များရဲ့ Biometric စာရင်းသွင်းမှု ၉၇ ရာခိုင်နှုန်းကျော် ပြီးစီး

ဇွန် ၂၃ ၊၂၀၂၆Zalen ၂၀၂၅ ခုနှစ် ဇူလိုင်လကုန်ပိုင်းကနေစတင်ခဲ့တဲ့ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေကြတဲ့ မြန်မာစစ်ဘေးရှောင်များရဲ့ ဇီဝအချက်အလက် (Biometric) စာရင်းသွင်းမှုလုပ်ငန်းဟာ ၉၇ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ပါတယ်။ မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဌာန တာဝန်ရှိသူများရဲ့ ပြောကြားချက်အရ လူဦးရေစာရင်းကောက်ယူရေးနဲ့ ...

ဆက်ဖတ်ရန်