အိန္ဒိယနိုင်ငံတွင် ချင်းစစ်ဘေးရှောင် ၂ ဦးထံ ကိုဗစ်-၁၉ ပိုးတွေ့ရှိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ဝင်ရောက်တိမ်းရှောင်နေတဲ့ လူငယ် ၂ ယောက်စီကနေ ကိုဗစ်-၁၉ ပိုးတွေ့ရှိတယ်လို့ ဒေသသတင်းတွေမှာ ဒီနေ့က ကြေညာသွားပါတယ်။

ကလေးမြို့ တာဟန်းရပ်ကွက်မှာနေထိုင်တဲ့ အသက် (၂၇)နှစ်အရွယ် အမျိုးသားဟာ တနင်္ဂနွေနေ့က မီဇိုရမ်ပြည်နယ် နယ်စပ် ဇိုခေါ်သာရ်ရွာကနေ အိုက်ဇောလ်မြို့သို့ တက္ကစီနဲ့ထွက်လာခဲ့ပါတယ်။

အိုက်ဇောလ်မြို့သို့ရောက်တဲ့ချိန်မှာ ဧည့်သည်တွေကို ကိုဗစ်-၁၉ စစ်ဆေးတဲ့ချိန် အခုလို ပိုးတွေ့ခဲ့တာဖြစ်ပါတယ်။

Zalen ad

ဒါပြင့် အသက် (၂၄)နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးထံကနေလည်း ကိုဗစ်-၁၉ ပိုးထပ်မံတွေ့ရှိကြပါတယ်။

၎င်းတို့ ၂ ဦးဟာ အိုက်ဇောလ်မြို့ဆေးရုံ သီးသန့်ခန်းတွင် ကုသလျက်ရှိပါတယ်။ ခုတလော မီဇိုရမ်ပြည်နယ်တွင် ကိုဗစ်-၁၉ ပိုးကူးစက်မှုများပြားလာပြီး ဒီနေ့တွင်လည်း လူငယ်အမျိုးသားတစ်ယောက် ကိုဗစ်ရောဂါနဲ့သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

 

နောက်ဆုံးရသတင်းများ

ဘုရားကျောင်းတွေ တိုက်ခိုက်ခံရမှုအပေါ် အမေရိကန်က စစ်ကောင်စီကို ဖိအားပေးဖို့ပြင်ဆင်နေ

မေ ၁၂၊ ၂၀၂၆Zalen မြန်မာနိုင်ငံထဲမှာရှိတဲ့ ခရစ်ယာန်ဘာသာရေး အဆောက် အအုံတွေကို မြန်မာစစ်ကောင်စီတပ်က တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရက အထူးစိုးရိမ်နေသလို၊ ဒီကိစ္စတွေအတွက် တာဝန်ရှိသူတွေကို အရေးယူဖို့ ပြင်ဆင်နေတယ်လို့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ပြောပါတယ်။ အမေရိကန် ...

ဆက်ဖတ်ရန်