ပလက်ဝနဲ့ ကန်ပက်လက်မြို့တွင် ကိုဗစ်ရောဂါပိုးတွေ့လူနာသစ် ၁၄ ဦးတွေ့ရှိ

ချင်းပြည်နယ်၊ ပလက်ဝမြို့နဲ့ ကန်ပက်လက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးရှိ၊ မရှိ ယနေ့ဇူလိုင် ၂၃ ရက်တွင်စစ်ဆေးရာ ပလက်ဝတွင် ၁၀ ဦး၊ ကန်ပက်လက်တွင် ၇ ဦးစစ်ဆေးရာ ၄ ဦးထံ ကိုဗစ်ပိုးတွေ့ရှိသွားတယ်လို့သတင်းရရှိပါတယ်။

ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများကို ကန်ပက်လက် ပြည်သူ့ဆေးရုံတွင် ကုသလျက်ရှိပြီး လက်ရှိ ကုသဆဲကိုဗစ်လူနာ စုစုပေါင်း ၁၄ ဦးရှိပါတယ်။

ဒီနေ့တွေ့ရှိတဲ့ ကိုဗစ်လူနာသစ်တွေနဲ့ထိတွေ့သူများအားလုံးကို Home Quarantine ထားရှိကြပါတယ်။

ပလက်ဝမြို့ ပြည်သူ့ဆေးရုံတွင်လည်း ကိုဗစ် ရောဂါကုသဆဲလူနာ ၁၀၈ ဦးရှိပါတယ်။
ပလက်ဝဆေးရုံတွင် အောက်ဆီဂျင်စက်၊ Oximeter, Blood pressure ကိရိယာ၊ Test Kit ၊ 95 Mask, surgical mask, faceshield, hand gel, Apron တွေလိုအပ်နေပါတယ်။

Zalen ad

(Zawgyi)





နောက်ဆုံးရသတင်းများ

ဟားခါးမြို့နယ်၊ မာလ်ဆောမ်ကျေးရွာကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်လို့ လူနေအိမ်တချို့ ပျက်စီး

ဇွန် ၂၉၊၂၀၂၆Zalen ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဇိုခွါဒေသ၊ မာလ်ဆောမ်ကျေးရွာကိုအကြမ်းဖက်စစ်တပ်က မနေ့ ဇွန်လ ၂၈ ရက် ညနေပိုင်းမှာလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့လူနေအိမ်တစ်ချို့ပျက်စီးသွားတယ်လို့သိရပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ တံတားဦးလေတပ်တက် ဂျက်ဖိုက်တာ တစ်စီးက မာလ်ဆောမ်ကျေးရွာကို ညနေ ၄ နာရီ ဝန်းကျင်မှလေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ...

ဆက်ဖတ်ရန်