မင်းတပ်သို့စစ်ကူသွားဖို့ ကျောက်ထုသို့ စစ်ကား ၄ စီး နဲ့ ရဟတ်ယာဉ် ၂ကြိမ်ပျံသန်း

မင်းတပ်မြို့နယ်က အကြမ်းဖက်စစ်ကောင်စီတပ်တွေကို စစ်ကူသွားဖို့ ယနေ့ဇူလိုင် ၃၀ ရက်တွင် မကွေးတိုင်း ကျောက်ထုလေယာဉ်ကွင်းသို့ စစ်ရဟတ်ယာဉ် ၂ ကြိမ်ပျံသန်းပြီး စစ်ကား ၄ စီးရောက်လာတယ်လို့ သတင်းရရှိပါတယ်။

ဒီမနက် ၁၁ နာရီကျော်တွင် မကွေးတိုင်း ဆောမြို့မှ ကျောက်ထုဖက်သို့ စကစတပ်အပြည့်တင်ထားတဲ့ စစ်ကား ၄ စီးသွားကြပါတယ်။

နေ့လည် ၁၂ နာရီကျော်တွင် မကွေးတိုင်း ကျောက်ထုလေယာဉ်ကွင်းမှာ စစ်ရဟတ်ယာဉ်တစ်စီး ဆင်းသက်ပါတယ်။ ညနေ ၅ နာရီကျော်တွင် ကျောက်ထုလေယာဉ်ကွင်းမှ စစ်ရဟတ်ယာဉ် တစ်စီးပျံတက်သွားပြီး မင်းတပ်နယ်စပ် ယောနယ်ဘက် သရက်ခြောက်ကုန်းမှာ ဆင်းသွားတယ်လို့သိရပါတယ်။

ခုတလော မင်းတပ်မြို့နယ်တွင် ဒေသခံ CDF တပ်နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလျက်ရှိပါတယ်။

Zalen ad

(Zawgyi)
မင္းတပ္သို႔စစ္ကူသြားဖို႔ ေက်ာက္ထုသို႔ စစ္ကား ၄ စီး နဲ႔ ရဟတ္ယာဥ္ ၂ၾကိမ္ပ်ံသန္း

မင္းတပ္ၿမိဳ႕နယ္က အၾကမ္းဖက္စစ္ေကာင္စီတပ္ေတြကို စစ္ကူသြားဖုိ႔ ယေန႔ဇူလုိင္ ၃၀ ရက္တြင္ မေကြးတုိင္း ေက်ာက္ထုေလယာဥ္ကြင္းသို႔ စစ္ရဟတ္ယာဥ္ ၂ ၾကိမ္ပ်ံသန္းၿပီး စစ္ကား ၄ စီးေရာက္လာတယ္လုိ႔ သတင္းရရွိပါတယ္။

ဒီမနက္ ၁၁ နာရီေက်ာ္တြင္ မေကြးတုိင္း ေဆာၿမိဳ႕မွ ေက်ာက္ထုဖက္သုိ႔ စကစတပ္အျပည့္တင္ထားတဲ့ စစ္ကား ၄ စီးသြားၾကပါတယ္။

ေန႔လည္ ၁၂ နာရီေက်ာ္တြင္ မေကြးတုိင္း ေက်ာက္ထုေလယာဥ္ကြင္းမွာ စစ္ရဟတ္ယာဥ္တစ္စီး ဆင္းသက္ပါတယ္။ ညေန ၅ နာရီေက်ာ္တြင္ ေက်ာက္ထုေလယာဥ္ကြင္းမွ စစ္ရဟတ္ယာဥ္ တစ္စီးပ်ံတက္သြားၿပီး မင္းတပ္နယ္စပ္ ေယာနယ္ဘက္ သရက္ေျခာက္ကုန္းမွာ ဆင္းသြားတယ္လုိ႔သိရပါတယ္။

ခုတေလာ မင္းတပ္ၿမိဳ႕နယ္တြင္ ေဒသခံ CDF တပ္နဲ႔ အၾကမ္းဖက္ စစ္ေကာင္စီတပ္ၾကား တုိက္ပြဲအျပင္းအထန္ျဖစ္ပြားလ်က္ရွိပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်