အိန္ဒိယ-မြန်မာနယ်စပ်မှာ အာသံရိုင်ဖယ်တပ်က ပေါက်ကွဲစေတတ်တဲ့ပစ္စည်းအများအပြားဖမ်းဆီး

ချင်းပြည်နယ် မတူပီမြို့နယ်နဲ့ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ရှာဟာခရိုင် (Siaha district) ဇောင်လိန်းကျေးရွာ (Zawngling khua) ရွာအနီးမှာ ဒေသခံရဲတပ်ဖွဲ့နဲ့ အာသံရိုင်ဖယ်တပ်တွေက လူ ၃ ဦးနဲ့အတူ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းအများအပြားဖမ်းမိတယ်လို့ ဒေသတွင်း သတင်းမှာဖော်ပြထားပါတယ်။

ဒေသခံရဲတပ်ဖွဲ့နဲ့ အာသံရိုင်ဖယ်က မီနီထရပ်ကားတစ်စီးပေါ်မှာ ခဲယမ်းတွေအမြောက်အများတင်ဆောင်လာတယ်တဲ့သတင်း ကြိုတင်ရထားတယ်လို့ဆိုပါတယ်။

ဒါကြောင့် Tuipang – Zawngling ရွာကြားလမ်းပေါ်မှာ စစ်ဆေးရေးဂိတ်တစ်ခုကို တည်ထောင်ခဲ့ပြီး စုစုပေါင်း ပေါက်ကွဲစေတတ်တဲ့ပစ္စည်း ကီလိုဂရမ် ၂၅၀၀ နဲ့ မီတာ ၄၅၀၀ (ပေ ၁၄၇၀၀ ကျော်) ရှိတဲ့ ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်လာသည့် မီနီထရပ်ကားအား ကြားဖြတ်ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ၃ဦးကိုလည်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့ထံလွှဲပြောင်းထားတယ်လို့သိရတယ်။

အာသံရိုင်ဖယ်တပ်ဖွဲ့က ဒီစစ်ဆင်ရေးဟာ အမျိုးသားဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူတွေအတွက် ကြီးမားတဲ့နောက်ပြန်ဆုတ်မှုတစ်ခုဖြစ်ပြီး စစ်ဆင်ရေး မအောင်မြင်ပါက အင်ဒို-မြန်မာနယ်စပ်တလျှောက် ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်မှုထူထောင်ရေးမှာ အလှမ်းဝေးသွားမယ်လို့ ဖော်ပြထားပါတယ်။

Zalen ad

မီဇိုရမ်ပြည်နယ် ရှာဟာခရိုင် (Siaha district) မော်ဟရဲ (Mawhre) ကျေးရွာအနီးမှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က မြန်မာပြည်သို့သယ်ဆောင်မယ့် ဖောက်ခွဲရေးပစ္စည်းအများအပြားကို အာသံရိုင်ဖယ်နဲ့ ဒေသခံရဲတပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့ပါတယ်။

Zawgyi

အိႏိၵယ-ျမန္မာနယ္စပ္မွာ အာသံရိုင္ဖယ္တပ္က ေပါက္ကြဲေစတတ္တဲ့ပစၥည္းအမ်ားအျပားဖမ္းဆီး

ခ်င္းျပည္နယ္ မတူပီၿမိဳ႕နယ္နဲ႔ထိစပ္ေနတဲ့ အိႏိၵယႏိုင္ငံ မီဇိုရမ္ျပည္နယ္ ရွာဟာခရိုင္ (Siaha district) ေဇာင္လိန္းေက်းရြာ (Zawngling khua) ရြာအနီးမွာ ေဒသခံရဲတပ္ဖြဲ႔နဲ႔ အာသံရိုင္ဖယ္တပ္ေတြက လူ ၃ ဦးနဲ႔အတူ ေပါက္ကြဲေစတတ္တဲ့ပစၥည္းအမ်ားအျပားဖမ္းမိတယ္လုိ႔ ေဒသတြင္း သတင္းမွာေဖာ္ျပထားပါတယ္။

ေဒသခံရဲတပ္ဖြဲ႔နဲ႔ အာသံရိုင္ဖယ္က မီနီထရပ္ကားတစ္စီးေပၚမွာ ခဲယမ္းေတြအေျမာက္အမ်ားတင္ေဆာင္လာတယ္တဲ့သတင္း ၾကိဳတင္ရထားတယ္လုိ႔ဆိုပါတယ္။

ဒါေၾကာင့္ Tuipang – Zawngling ရြာၾကားလမ္းေပၚမွာ စစ္ေဆးေရးဂိတ္တစ္ခုကို တည္ေထာင္ခဲ့ၿပီး စုစုေပါင္း ေပါက္ကြဲေစတတ္တဲ့ပစၥည္း ကီလိုဂရမ္ ၂၅၀၀ နဲ႔ မီတာ ၄၅၀၀ (ေပ ၁၄၇၀၀ ေက်ာ္) ရွိတဲ့ ေဖာက္ခြဲေရးပစၥည္းမ်ား တင္ေဆာင္လာသည့္ မီနီထရပ္ကားအား ၾကားျဖတ္ဖမ္းဆီးခဲ့တယ္လုိ႔ ထုတ္ျပန္ထားပါတယ္။ ယာဥ္ေမာင္းနဲ႔ ယာဥ္ေနာက္လိုက္ ၃ဦးကိုလည္း သက္ဆုိင္ရာ ရဲတပ္ဖြဲ႔ထံလႊဲေျပာင္းထားတယ္လုိ႔သိရတယ္။

အာသံရိုင္ဖယ္တပ္ဖြဲ႔က ဒီစစ္ဆင္ေရးဟာ အမ်ဳိးသားဆန္႔က်င္ေရးတက္ၾကြလႈပ္ရွားသူေတြအတြက္ ၾကီးမားတဲ့ေနာက္ျပန္ဆုတ္မႈတစ္ခုျဖစ္ၿပီး စစ္ဆင္ေရး မေအာင္ျမင္ပါက အင္ဒို-ျမန္မာနယ္စပ္တေလွ်ာက္ ၿငိမ္းခ်မ္းေရးနဲ႔ သဟဇာတျဖစ္မႈထူေထာင္ေရးမွာ အလွမ္းေဝးသြားမယ္လို႔ ေဖာ္ျပထားပါတယ္။

မီဇိုရမ္ျပည္နယ္ ရွာဟာခရိုင္ (Siaha district) ေမာ္ဟရဲ (Mawhre) ေက်းရြာအနီးမွာ ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာ ၃၁ ရက္က ျမန္မာျပည္သို႔သယ္ေဆာင္မယ့္ ေဖာက္ခြဲေရးပစၥည္းအမ်ားအျပားကို အာသံရိုင္ဖယ္နဲ႔ ေဒသခံရဲတပ္ဖြဲ႔ေတြက ဖမ္းဆီးရမိခဲ့ပါတယ္။

 

နောက်ဆုံးရသတင်းများ

ကမ္ဘာ့မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးနိုင်ငံအဖြစ် မြန်မာက ထိပ်ဆုံးရောက်ရှိ

ဖေဖော်ဝါရီ ၂၇၊ ၂၀၂၆ Zalen မြန်မာနိုင်ငံဟာ ကမ္ဘာတဝန်းမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် စံချိန်တင် ရောက်ရှိသွားတယ်လို့ Landmine and Cluster Munition Monitor ရဲ့ ၂၀၂၅ ခုနှစ် အစီရင်ခံစာသစ်က ...

ဆက်ဖတ်ရန်