၂၀၂၁ ခုနှစ်အတွင်း CJDC နဲ့စစ်ကောင်စီတပ်တို့ တိုက်ပွဲ ၁၈၀ ကျော်ဖြစ်ပြီး စစ်ကောင်စီတပ်တစ်ထောင်ကျော်သေဆုံးဟုဆို

ချင်းလဲန်ကာကွယ်ရေးပူးပေါင်းကော်မတီ (CJDC) နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ ၂၀၂၁ ခုနှစ် ဧပြီလကနေ ဒီဇင်ဘာအထိ တိုက်ပွဲပေါင်း ၁၈၄ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၀၂၉ ဦးသေဆုံးတယ်လို့ CJDC အဖွဲ့က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

CJDC အဖွဲ့ဝင်တပ်တွေတည်ရှိတဲ့ ချင်းပြည်နယ်အပြင် ကလေး၊ တမူး၊ ဂန့်ဂေါနဲ့ ယောနယ်ဒေသတွေမှာတိုက်ပွဲဆင်နွှဲခဲ့ကြတာဖြစ်တယ်။

ယင်းတိုက်ပွဲမှာ CJDC တပ်ဖွဲ့ထဲက ၅၈ ဦး၊ အရပ်သားပြည်သူ ၂၇ ဦးကျဆုံးသွားပါတယ်။

Zawgyi

Zalen ad

၂၀၂၁ ခုႏွစ္အတြင္း CJDC နဲ႔စစ္ေကာင္စီတပ္တုိ႔ တုိက္ပြဲ ၁၈၀ ေက်ာ္ျဖစ္ၿပီး စစ္ေကာင္စီတပ္တစ္ေထာင္ေက်ာ္ေသဆံုးဟုဆို

ခ်င္းလဲန္ကာကြယ္ေရးပူးေပါင္းေကာ္မတီ (CJDC) နဲ႔ အာဏာသိမ္းစစ္ေကာင္စီတပ္ေတြဟာ ၂၀၂၁ ခုႏွစ္ ဧၿပီလကေန ဒီဇင္ဘာအထိ တိုက္ပြဲေပါင္း ၁၈၄ ၾကိမ္ျဖစ္ပြားၿပီး စစ္ေကာင္စီတပ္သား ၁၀၂၉ ဦးေသဆံုးတယ္လုိ႔ CJDC အဖြဲ႔က ဒီကေန႔ ထုတ္ျပန္လိုက္ပါတယ္။

CJDC အဖြဲ႔ဝင္တပ္ေတြတည္ရွိတဲ့ ခ်င္းျပည္နယ္အျပင္ ကေလး၊ တမူး၊ ဂန္႔ေဂါနဲ႔ ေယာနယ္ေဒသေတြမွာတိုက္ပြဲဆင္ႏႊဲခဲ့ၾကတာျဖစ္တယ္။

ယင္းတုိက္ပြဲမွာ CJDC တပ္ဖြဲ႔ထဲက ၅၈ ဦး၊ အရပ္သားျပည္သူ ၂၇ ဦးက်ဆံုးသြားပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်