မီဇိုရမ်၊ ကျန်ဖိုင်ခရိုင်မှာ မြန်မာစစ်ဘေးရှောင် ၄ထောင်ကျော် ဒုက္ခသည်ကဒ်ထုတ်ပေး

မြန်မာစစ်ဘေးရှောင်အများဆုံးနေထိုင်တဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင် (Champhai) ခရိုင်မှာ မြန်မာစစ်ဘေးရှောင် ၄၂၅၅ ဦးထံ ဒုက္ခသည်ကဒ်ထုတ်ပေးလိုက်ပြီလို့ သတင်းရရှိပါတယ်။

ကျန်ဖိုင်ခရိုင်မှာ မြန်မာစစ်ဘေးရှောင် ၁သောင်းဝန်းကျင်ရှိမယ်လို့ယူဆပြီး ဖေဖော်ဝါရီလအတွင်း ဒုက္ခသည်ကဒ်ကို ဆက်လက်ပြုလုပ်ပေးမယ်လို့လည်းသိရတယ်။

ဒုက္ခသည်ကဒ်ဆောင်ရွက်တာဟာ မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်လူဦးရေအတိအကျသိရှိရန်နဲ့ ထောက်ပံ့မှုတွေစနစ်တကျဆောင်ရွက်နိုင်အောင် မီဇိုရမ်ပြည်နယ်အစိုးရက စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။

Zalen ad

မီဇိုရမ်ပြည်နယ်ရဲ့ အခြားခရိုင်မှာလည်း ဒုက္ခသည်ကဒ်တွေထုတ်ပေးနိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်းလည်းသိရတယ်။

Zawgyi

မီဇိုရမ္၊ က်န္ဖိုင္ခ႐ိုင္မွာ ျမန္မာစစ္ေဘးေရွာင္ ၄ေထာင္ေက်ာ္ ဒုကၡသည္ကဒ္ထုတ္ေပး

ျမန္မာစစ္ေဘးေရွာင္အမ်ားဆုံးေနထိုင္တဲ့ အိႏၵိယႏိုင္ငံ၊ မီဇိုရမ္ျပည္နယ္၊ က်န္ဖိုင္ (Champhai) ခ႐ိုင္မွာ ျမန္မာစစ္ေဘးေရွာင္ ၄၂၅၅ ဦးထံ ဒုကၡသည္ကဒ္ထုတ္ေပးလိုက္ၿပီလို႔ သတင္းရရွိပါတယ္။

က်န္ဖိုင္ခ႐ိုင္မွာ ျမန္မာစစ္ေဘးေရွာင္ ၁ေသာင္းဝန္းက်င္ရွိမယ္လို႔ယူဆၿပီး ေဖေဖာ္ဝါရီလအတြင္း ဒုကၡသည္ကဒ္ကို ဆက္လက္ျပဳလုပ္ေပးမယ္လို႔လည္းသိရတယ္။

ဒုကၡသည္ကဒ္ေဆာင္႐ြက္တာဟာ မီဇိုရမ္ျပည္နယ္အတြင္း စစ္ေဘးေရွာင္လူဦးေရအတိအက်သိရွိရန္နဲ႔ ေထာက္ပံ့မႈေတြစနစ္တက်ေဆာင္႐ြက္ႏိုင္ေအာင္ မီဇိုရမ္ျပည္နယ္အစိုးရက စီစဥ္ခဲ့ျခင္းျဖစ္ပါတယ္။

မီဇိုရမ္ျပည္နယ္ရဲ႕ အျခားခ႐ိုင္မွာလည္း ဒုကၡသည္ကဒ္ေတြထုတ္ေပးႏိုင္ေအာင္ ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္းသိရတယ္။

 

နောက်ဆုံးရသတင်းများ

ကမ္ဘာ့မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးနိုင်ငံအဖြစ် မြန်မာက ထိပ်ဆုံးရောက်ရှိ

ဖေဖော်ဝါရီ ၂၇၊ ၂၀၂၆ Zalen မြန်မာနိုင်ငံဟာ ကမ္ဘာတဝန်းမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် စံချိန်တင် ရောက်ရှိသွားတယ်လို့ Landmine and Cluster Munition Monitor ရဲ့ ၂၀၂၅ ခုနှစ် အစီရင်ခံစာသစ်က ...

ဆက်ဖတ်ရန်