မနေ့ညက CNA တပ်သားတစ်ဦး ထပ်မံကျဆုံး

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဒုတ်ထစ်ရွာ (Dokthek khua) မှာ ညအိပ်စခန်းချတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကို ဒီနေ့ မတ်လ ၃ ရက် မနက် ၃ နာရီလောက်က CNA တပ်ကသွားရောက်တိုက်ခိုက်ကြပါတယ်။

CNA တပ်တွေပြန်ဆုတ်တဲ့ချိန်မှာ လျှပ်စစ်မီးကြိုးကိုနင်းမိတာကြောင့် CNA တပ်သား Salai Thiang Bik Lian (၁၉ နှစ်) ဟာကျဆုံးသွားတယ်လို့သတင်းရရှိပါတယ်။

မနေ့ကလည်း CNA တပ်သား ၂ ဦးကျဆုံးပြီး သေနတ်ပါ စစ်ကောင်စီတွေသိမ်းယူသွားတယ်လို့သိရတယ်။

Zalen ad

Dokthek ကျေးရွာမှာ ဒီမနက် ၁၀ နာရီအထိ လက်နက်ကြီးသံနဲ့ သေနတ်သံတွေကြားနေရတယ်လို့ဒေသခံတွေထံကသတင်းရရှိပါတယ်။

Zawgyi






နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်