Guys From Chin အဖွဲ့က ကျန်ဖိုင်ခရိုင်က မြန်မာစစ်ဘေးရှောင်တွေကို ရူပီး ၇ သိန်းလှူဒါန်း

မြန်မာစစ်ဘေးရှောင်တွေအတွက် Guys From Chin အဖွဲ့က အွန်လိုင်းပေါ်မှာရံပုံငွေရှာဖွေရေးဖျော်ဖြေပွဲပြုလုပ်ရာကနေရရှိတဲ့ အလှူငွေအချို့ကို မီဇိုရမ်ပြည်နယ်၊ ဇိုခေါ်သာရ်ရွာမှာ စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေအတွက် ရူပီးငွေ ၇ သိန်း (မြန်မာငွေ သိန်း၁၆၀ ကျော်) ကို ဧပြီ ၃ ရက်နေ့ကပေးအပ်လှူဒါန်းကြပါတယ်။

အလှူငွေအားလုံးကို ဇိုခေါ်သာရ်ကျေးရွာအုပ်ချုပ်ရေးနဲ့လူမှုရေးအဖွဲ့အစည်းများကိုလက်ခံထားပြီး ၎င်းတို့က ပိုမိုလိုအပ်တဲ့ စစ်ဘေးရှောင်တွေထံ ပြန်လည်ပေးအပ်သွားမှာဖြစ်ပါတယ်။

ဇိုခေါ်သာရ်ရွာမှာ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့နဲ့ ဟိုင်မွှောလ်ကျေးရွာက ပြည်သူတွေသွားရောက်ခိုလှုံကြပါတယ်။ ယင်းရွာမှာ မြန်မာစစ်ဘေးရှောင် ၂ ထောင်ကနေ ၃ ထောင်ကြားရှိပြီး အချို့က ဝက်ခြံ၊ ကြက်ခြံတွေမှာ ခက်ခက်ခဲခဲနေထိုင်ကြပါတယ်။

Zalen ad

Guys From Chin အဖွဲ့က ထောင်ဘွဲ့၊ ဒေးဗစ်လိုင်၊ ဘင်ဂျာမင် ဆုမ်း၊ နဲ့ ယောဂီတို့က သွားရောက်ပေးအပ်ကြပါတယ်။

မတ်လ ၂၂ ရက်ကလည်း မီဇိုရမ်ပြည်နယ် ရှာဟာခရိုင် ကျပီးကျေးရွာက မြန်မာစစ်ဘေးရှောင်တွေအတွက် ရူပီးငွေ ၆ သိန်းကျော်ကို Guys From Chin အဖွဲ့ကိုယ်စား ဒေးဗစ်လိုင်နဲ့ ကောဂီတို့ကသွားရောက်ပေးအပ်ကြပါတယ်။

Zawgyi

Guys From Chin အဖြဲ႕က က်န္ဖုိင္ခရိုင္က ျမန္မာစစ္ေဘးေရွာင္ေတြကို ႐ူပီး ၇ သိန္းလႉဒါန္း

ျမန္မာစစ္ေဘးေရွာင္ေတြအတြက္ Guys From Chin အဖြဲ႕က အြန္လိုင္းေပၚမွာရံပုံေငြရွာေဖြေရးေဖ်ာ္ေျဖပြဲျပဳလုပ္ရာကေနရရွိတဲ့ အလႉေငြအခ်ိဳ႕ကို မီဇိုရမ္ျပည္နယ္၊ ဇိုေခၚသာရ္႐ြာမွာ စစ္ေဘးေရွာင္ေနတဲ့ ျပည္သူေတြအတြက္ ႐ူပီးေငြ ၇ သိန္း (ျမန္မာေငြ သိန္း၁၆၀ ေက်ာ္) ကို ဧၿပီ ၃ ရက္ေန႔ကေပးအပ္လႉဒါန္းၾကပါတယ္။

အလွဴေငြအားလံုးကို ဇိုေခၚသာရ္ေက်းရြာအုပ္ခ်ဳပ္ေရးနဲ႔လူမႈေရးအဖြဲ႔အစည္းမ်ားကိုလက္ခံထားၿပီး ၄င္းတို႔က ပိုမိုလိုအပ္တဲ့ စစ္ေဘးေရွာင္ေတြထံ ျပန္လည္ေပးအပ္သြားမွာျဖစ္ပါတယ္။

ဇိုေခၚသာရ္႐ြာမွာ ခ်င္းျပည္နယ္၊ ရိေခၚဒါရ္ၿမိဳ႕နဲ႔ ဟိုင္ေမႊာလ္ေက်း႐ြာက ျပည္သူေတြသြားေရာက္ခိုလႈံၾကပါတယ္။ ယင္းရြာမွာ ျမန္မာစစ္ေဘးေရွာင္ ၂ ေထာင္ကေန ၃ ေထာင္ၾကားရွိၿပီး အခ်ဳိ႕က ဝက္ျခံ၊ ၾကက္ျခံေတြမွာ ခက္ခက္ခဲခဲေနထုိင္ၾကပါတယ္။

Guys From Chin အဖြဲ႕က ေထာင္ဘြဲ႕၊ ေဒးဗစ္လိုင္၊ ဘင္ဂ်ာမင္ ဆုမ္း၊ နဲ႔ ေယာဂီတို႔က သြားေရာက္ေပးအပ္ၾကပါတယ္။

မတ္လ ၂၂ ရက္ကလည္း မီဇိုရမ္ျပည္နယ္ ရွာဟာခ႐ိုင္ က်ပီးေက်း႐ြာက ျမန္မာစစ္ေဘးေရွာင္ေတြအတြက္ ႐ူပီးေငြ ၆ သိန္းေက်ာ္ကို Guys From Chin အဖြဲ႕ကိုယ္စား ေဒးဗစ္လိုင္နဲ႔ ေကာဂီတို႔ကသြားေရာက္ေပးအပ္ၾကပါတယ္။

နောက်ဆုံးရသတင်းများ

ကမ္ဘာ့မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးနိုင်ငံအဖြစ် မြန်မာက ထိပ်ဆုံးရောက်ရှိ

ဖေဖော်ဝါရီ ၂၇၊ ၂၀၂၆ Zalen မြန်မာနိုင်ငံဟာ ကမ္ဘာတဝန်းမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် စံချိန်တင် ရောက်ရှိသွားတယ်လို့ Landmine and Cluster Munition Monitor ရဲ့ ၂၀၂၅ ခုနှစ် အစီရင်ခံစာသစ်က ...

ဆက်ဖတ်ရန်