စစ်ကောင်စီတပ်က ကုန်တင်ကားယာဉ်မောင်းကို ပစ်သတ်ပြီးအလောင်းမီးရှို့

ကလေးမြို့နယ် တောင်ဘက် စည်သာကျေးရွာအနီးမှာ ဧပြီ ၁၂ ရက်က ကလေးမြို့မှ ဖလမ်းမြို့သို့တက်မယ့် ကုန်တင်ကားကို ရပ်တန့်ခိုင်းကာ ယာဉ်မောင်းကို ပစ်သတ်ပြီး အလောင်းကို လမ်းဘေးတွင် မီးရှို့ကြတယ်လို့ သတင်းရရှိပါတယ်။

မျက်မြင်တစ်ဦးက “ကုန်တင်ကားကိုရပ်ခိုင်းပြီးတော့ ယာဉ်မောင်းကိုထွက်ခိုင်းတယ်။ ယာဉ်မောင်းထွက်လာပြီး မြေကြီးပေါ်တောင် ခြေမချသေးဘူး ပစ်သတ်သွားကြတာ။ အလောင်းကိုတော့ မီးရှို့ကြတယ်။ ယာဉ်နောက်လိုက်နဲ့ ကုန်ကားက ခုထိဘယ်မှာခေါ်သွားမှန်းမသိရသေးဘူး” လို့ပြောပါတယ်။

ယာဉ်မောင်းဟာ ဖလမ်းမြို့နယ် Congthe ရွာသားလို့သိရပါတယ်။

Zalen ad

Zawgyi





နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်