ရက္ခိုင့်တပ်တော်(AA)ထံ လက်နက်ဝယ်ယူတဲ့ CDF ကန်ပက်လက်အား တပ်ရင်းတစ်ခုက ကန့်ကွက်

ချင်းပြည်နယ်၊ ချင်းကာကွယ်ရေးတပ်ဖွဲ့-ကန်ပက်လက်က ရက္ခိုင့်တပ်တော်(AA)ထံ လက်နက်ဝယ်ယူပြီး ဆက်သွယ်ပတ်သက်နေမူပေါ် Kkei Sing တပ်ရင်းက ကန့်ကွက်ကြောင့် စက်တင်ဘာ (၆)ရက်နေ့က ထုတ်ပြန်ထားပါတယ်။

Kkei Sing တပ်ရင်းသည် Chinland Define Force -Kanpetlet ၏ တပ်ရင်းတစ်ခု ဖြစ်ပြီး ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့မှာ အခြေချတဲ့ တပ်ရင်း တစ်ခု ဖြစ်ပါတယ်။

“AA ဆီမှာ လက်နက်ဝယ်ယူရေးအတွက် ပထမ အစည်းဝေးကတည်းက ကျွန်တော်တို့တပ်ရင်းက သဘောမတူတာပါ။ အခုလည်း ကျွန်တော်တို့ တပ်ရင်း သဘောထားကိုဘဲ ထုတ်ပြန်တာဖြစ်တယ်။ အခြားတပ်ရင်းဘက်က ဘယ်လိုသဘောရှိလဲ မသိဘူး”ဟု Kkei Sing တပ်ရင်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

တော်လှန်ရေးကာလအတွင်းဖြစ်စေ၊ တော်လှန်ရေးအလွန်တွင်ဖြစ်စေ၊ ရက္ခိုင့်တပ်တော်(AA)နှင့် CDF ကန်ပက်လက်အကြား နောက်ဆက်တွဲပြဿနာ တစ်စုံတရာပေါ်ပေါက်ပါက Kkei Sing တပ်ရင်းနှင့် လုံးဝ မသက်ဆိုင်ကြောင့် ထုတ်ပြန်ချက်တွင် ရေးသားထားပါတယ်။

Zalen ad

” အရင်က ရက္ခိုင့်တပ်တော်(AA)ဆီက လက်နက်ဝယ်ယူတာမျိုးမရှိဘူး။ အခု ရက္ခိုင့်တပ်တော်(AA) ဆီမှာ လက်နက်ဝယ်ဖို့ ကိစ္စ သဘောတူတဲ့ တပ်ရင်းရှိသလို သဘောမတူကြတဲ့ တပ်ရင်းလည်း ရှိပါတယ်။ ကျွန်တော်တို့ ထုတ်ပြန်ချက်က ကျွန်တော်တို တပ်ရင်း ထုတ်ပြန်ချက်ပေါ့။ ဒီထုတ်ပြန်ချက်ကို ကြိုဆိုထောက်ခံတဲ့ တပ်ရင်းလည်း ရှိတယ်”ဟု Kkei Sing တပ်ရင်းက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

နောက်ဆုံးရသတင်းများ

ရန်ကုန်လေထု ညစ်ညမ်းမှု ကမ္ဘာ့အဆင့် ၄ ရောက်၊ AQI ၁၂၀ ထိ မြင့်တက်

ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆ Zalen ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့အထိ တိုင်းတာချက်များအရ ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှုအခြေအနေဟာ ကမ္ဘာ့အဆင့် ၄ နေရာထိ ရောက်ရှိနေတယ်လို့ လေထုအရည်အသွေးကို တိုင်းတာဖော်ပြနေတဲ့ IQAir ဝက်ဘ်ဆိုက်က ...

ဆက်ဖတ်ရန်