Benjamin Sum စီးတဲ့ကားကိုတားပြီး ရွှန်းရွှန်းရွှေဆိုင်က ရွှေလက်စွပ်နဲ့ဂုဏ်ပြု

မွေးရပ်ဇာတိ ကလေးမြို့ကို ပြန်လာတဲ့ Benjamin Sum ဟာ လေဆိပ်မှ တာဟန်းဘက်သို့သွားစဉ် စမ်းမြို့ရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီးဘေးက ရွှန်းရွှန်းစိန်ရွှေရတနာဆိုင်က ဆိုင်ရှေ့ကနေတားပြီး ရွှေလက်စွပ်နဲ့ ဒီကနေ့ ဂုဏ်ပြုလိုက်တယ်လို့သတင်းရရှိပါတယ်။

Benjamin Sum ဟာ ကလေးမြို့ လေဆိပ်ကို ညနေ ၂ နာရီကျော်မှာရောက်ရှိလာပြီး ကလေးမြို့ ဗိုလ်ချုပ်လမ်းမကြီး အပြည့်နဲ့ မြို့ခံပြည်သူတွေက သောင်းသောင်းဖြဖြကြိုဆိုကြပါတယ်။

Benjamin Sum နဲ့အတူလိုက်ပါလာသူတစ်ဦးက “ရွှေလက်စွပ်ပေးတယ်ဆိုတာမှန်ပါတယ်။ သူတို့က ဆိုင်ရှေ့ကနေ Benjamin Sum စီးတဲ့ကားကိုခဏရပ်ခိုင်းပြီး ဂုဏ်ပြုတာပါ” လို့ပြောပါတယ်။
ယင်းဆိုင်ဟာ ကလေးမြို့ ကားကြီးဝိုင်းလမ်းခွဲမရောက်ခင်က ရွှေဆိုင်ဖြစ်ပါတယ်။

Zalen ad

Benjamin Sum ဟာ ကလေးမြို့လေဆိပ်ကနေ မိခင်အသင်းတော်ဖြစ်တဲ့ မွန်းလိုင်ရပ်ကွက်က Vengpi နှစ်ခြင်းအသင်းတော်သို့သွားရောက်ပြီး ညမှာ ၉ တန်းမှ ၁၀တန်းထိတက်ရောက်တဲ့ YCW ကိုယ်ပိုင်အထက်တန်းကျောင်းမှာ သွားရောက်ဖျော်ဖြေပါတယ်။

 

ဇန်နဝါရီလ (၆)ရက်နေ့မှာ ကလေးမြို့ မြို့တော်ခန်းမမှာ မြို့ခံပြည်သူလူထုတွေနဲ့ ညနေ (၁)နာရီကနေ (၃)နာရီထိ တွေ့ဆုံကြမှာဖြစ်ပါတယ်။

ဇန်နဝါရီ (၇)ရက်နေ့မှာတော့ မိခင်ရဲ့ ဇာတိရွာဖြစ်တဲ့ ကလေးမြို့နယ် ပျဉ်ခုံကြီးရွာမှာ မနက် (၉)နာရီကနေ (၁၂)နာရီထိ ရွာသားတွေက Benjamin Sum ကို ဂုဏ်ပြုကြမှာဖြစ်ပါတယ်။ ဇန်နဝါရီလ (၈)ရက် မနက် (၉)နာရီကနေ (၁၀)နာရီထိ မူလတန်းကနေ အလယ်တန်းထိ တက်ရောက်ခဲ့တဲ့ GCEC ကိုယ်ပိုင်ကျောင်းက ဂုဏ်ပြုပွဲကျင်းပပေးမှာဖြစ်ပြီး ညနေ (၃)နာရီမှာတော့ တက္ကသိုလ်တက်ရောက်တဲ့ ကလေး ကွန်ပျူတာတက္ကသိုလ်ကျောင်းမှာ သွားရောက်ပြီး ညနေပိုင်းမှာ ရန်ကုန်ကိုပြန်ဆင်းလာမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်