CDF CDM Siyin နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွား

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကလေး-သိုင်းငင်းရွာကြားမှာ CDF CDM Siyin နဲ့ စစ်ကောင်စီတပ်တွေဟာ အောက်တိုဘာ ၁၃ ရက်နဲ့ ၁၄ ရက်တွင် တိုက်ပွဲဖြစ်ပွားကြတယ်လို့ CDF CDM Siyin ကသတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၁၃ ရက် မနက် ၈ နာရီတွင် ကလေး-သိုင်းငင်းကြားမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ခရီးသွားပြည်သူတွေထံ ငွေကောက်ခံဖို့ စခန်းတွင်းမှထွက်လာစဉ် ဆယ်ပေအကွာအဝေးကနေ CDF CDM Siyin မိုင်းဆွဲတိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၃ ဦး အစိတ်စိတ်အမွှာမွှာဖြစ်သွားတယ်လို့ထုတ်ပြန်ထားပါတယ်။

နောက်မှ ဆင်းလာသောအဖွဲ့ နဲ့ CDF CDM Siyin ရဲဘော်များ ဆယ်မိနစ်ခန့် အပြန်အလှန် ပစ်ခတ်ခဲ့ကြပါတယ်။

ထို့နောက် သိုင်းငင်းစစ်ကောင်စီ ကင်းစခန်းသို့ စစ်ကူ တက်လာမယ့် စစ်ကောင်စီများကို CDF CDM Siyin ရဲဘော်များ စောင့်နေစဉ် အောက်တိုဘာ ၁၄ ရက် နံနက် ၄:၄၈ မိနစ် တွင် စစ်ကောင်စီ ကား သုံးစီး တက်လာရာ တီးတိန်မြို့နယ်၊ ဟိန်ဇင်ရွာ နဲ့ ကော်ဖီခြံ ကြား ရှိ မြေနီကုန်း (Leisan mual) တွင် CDF CDM-Siyin ရဲဘော်များမှ ချောင်ပိတ်ကာ ၈ မိနစ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်းသိရတယ်။

ယင်းတိုက်ပွဲတွင် CDF CDM Siyin တပ်ဖွဲ့ဝင်အားလုံး ထိခိုက်မှုမရှိဘဲ ဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်