ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ချွန်ကျူံးကျေးရွာ ဟားခါးဘက်အဝင်ဖက်က CDF-Hakha ၏ စစ်ဆေးရေးဂိတ်အား ယနေ့ ဧပြီ ၂၅ရက်နေ့ ညနေပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်သားများက ချောင်းမြောင်းပစ်ခတ်လို ဂိတ်စောင့် CDF ရဲဘော် (၂)ဦး ကျဆုံးသွားကြောင်း သိရသည်။
ကျဆုံးသူ CDF-Hakha ရဲဘော် ၂ ဦးဟာ ဆလိုင်းကျုံးနူန်းနှင့် ဆလိုင်းလျန်ဆန်ဘိခ့်တိုဖြစ်ကြောင်း သိရှိပါသည်။
ဒေသခံတစ်ဦးက “ဟားခါး-ချွန်ကျုံးကြားကားလမ်းပေါ်မှာတော့ စစ်ခွေးတွေ လှုပ်ရှားမှုမတွေ့ရဘူး။ တောထဲကနေ ချောင်းမြောင်း ပစ်ခတ်တာဖြစ်နိုင်တယ်။ အခု ဟားခါးမြို့ ၂၆၆ စစ်ခွေး စခန်းကနေ လက်နက်ကြီး ပစ်ခတ်သံတွေ ဆက်တိုက်ကြားနေရတယ်”ဟု ပြောပါသည်။
Zalen မိတ်ဖက်သတင်းဌာနဖြစ်တဲ့ The Chin Journal နှင့်ပူးပေါင်းတင်ဆက်ထားပါသည်။
Zawgyi
CDF-Hakha စစ်ဆေးရေးဂိတ် ချောင်းမြောင်းပစ်ခံရလို့ ရဲဘော် (၂) ဦးကျဆုံး
