CDF-Hakha စစ်ဆေးရေးဂိတ် ချောင်းမြောင်းပစ်ခံရလို့ ရဲဘော် (၂) ဦးကျဆုံး

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ချွန်ကျူံးကျေးရွာ ဟားခါးဘက်အဝင်ဖက်က CDF-Hakha ၏ စစ်‌ဆေးရေးဂိတ်အား ယနေ့ ဧပြီ ၂၅ရက်နေ့ ညနေပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်သားများက ချောင်းမြောင်းပစ်ခတ်လို ဂိတ်စောင့် CDF ရဲဘော် (၂)ဦး ကျဆုံးသွားကြောင်း သိရသည်။

ကျဆုံးသူ CDF-Hakha ရဲဘော် ၂ ဦးဟာ ဆလိုင်းကျုံးနူန်းနှင့် ဆလိုင်းလျန်ဆန်ဘိခ့်တို‌ဖြစ်ကြောင်း သိရှိပါသည်။

ဒေသခံတစ်ဦးက “ဟားခါး-ချွန်ကျုံးကြားကားလမ်းပေါ်မှာတော့ စစ်ခွေးတွေ လှုပ်ရှားမှုမတွေ့ရဘူး။ တောထဲက‌နေ ချောင်းမြောင်း ပစ်ခတ်တာဖြစ်နိုင်တယ်။ အခု ဟားခါးမြို့ ၂၆၆ စစ်ခွေး စခန်းကနေ လက်နက်ကြီး ပစ်ခတ်သံတွေ ဆက်တိုက်ကြားနေရတယ်”ဟု ပြောပါသည်။

Zalen ad

Zalen မိတ်ဖက်သတင်းဌာနဖြစ်တဲ့ The Chin Journal နှင့်ပူးပေါင်းတင်ဆက်ထားပါသည်။

Zawgyi

CDF-Hakha စစ္ေဆးေရးဂိတ္ ေခ်ာင္းေျမာင္းပစ္ခံရလို႔ ရဲေဘာ္ (၂) ဦးက်ဆုံး

ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕နယ္ ခၽြန္က်ဴံးေက်းရြာ ဟားခါးဘက္အဝင္ဖက္က CDF-Hakha ၏ စစ္‌ေဆးေရးဂိတ္အား ယေန႔ ဧၿပီ ၂၅ရက္ေန႔ ညေနပိုင္းတြင္ အာဏာသိမ္းစစ္ေကာင္စီတပ္သားမ်ားက ေခ်ာင္းေျမာင္းပစ္ခတ္လို ဂိတ္ေစာင့္ CDF ရဲေဘာ္ (၂)ဦး က်ဆုံးသြားေၾကာင္း သိရသည္။

က်ဆုံးသူ CDF-Hakha ရဲေဘာ္ ၂ ဦးဟာ ဆလိုင္းက်ဳံးႏူန္းႏွင့္ ဆလိုင္းလ်န္ဆန္ဘိခ့္တို‌ျဖစ္ေၾကာင္း သိရွိပါသည္။

စစ္ေကာင္စီတပ္ေခ်ာင္းေျမာင္းပစ္ခတ္လို႔က်ဆုံးသြားတဲ့ CDF-Hakha ရဲေဘာ္ ဆလိုင္းလ်န္ဆန္ဘိခ့္

ေဒသခံတစ္ဦးက “ဟားခါး-ခြၽန္က်ဳံးၾကားကားလမ္းေပၚမွာေတာ့ စစ္ေခြးေတြ လႈပ္ရွားမႈမေတြ႕ရဘူး။ ေတာထဲက‌ေန ေခ်ာင္းေျမာင္း ပစ္ခတ္တာျဖစ္ႏိုင္တယ္။ အခု ဟားခါးၿမိဳ႕ ၂၆၆ စစ္ေခြး စခန္းကေန လက္နက္ႀကီး ပစ္ခတ္သံေတြ ဆက္တိုက္ၾကားေနရတယ္”ဟု ေျပာပါသည္။

Zalen မိတ္ဖက္သတင္းဌာနျဖစ္တဲ့ The Chin Journal ႏွင့္ပူးေပါင္းတင္ဆက္ထားပါသည္။

နောက်ဆုံးရသတင်းများ

ဘင်္ဂလားဒေ့ရှ်မှာ ဝက်သက်ရောဂါ ကူးစက်မှု မြင့်တက်နေ၍ ပလက်ဝနဲ့ ရခိုင်နယ်စပ်မြို့တွေမှာ သတိပြုဖို့ AHD သတိပေး

ဧပြီ ၂၃၊ ၂၀၂၆ Zalen ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဝက်သက်ရောဂါ ကူးစက်ပျံ့နှံ့မှု မြင့်တက်နေ၍ ချင်းပြည်၊ ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်ရှိ နယ်စပ်မြို့နယ်တွေ အထူးသတိပြုကြဖို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာန (AHD) က ဧပြီ ၂၀ ရက်မှာ သတိပေး ...

ဆက်ဖတ်ရန်