CDF-Zotung စစ်ဦးစီးချုပ်အပါအဝင် ရဲဘော် ၃ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ပြီးမီးရှို့

CDF-Zotung စစ်ဦးစီးချုပ် Thah Ceu အပါအဝင် ရဲဘော် ၃ ဦးကို စစ်ကောင်စီတပ်သားတွေက ဇူလိုင် ၂၇ ရက်က သတ်ဖြတ်ပြီး အလောင်းကိုမီးရှို့ကြတယ်လို့ CDF-Zotung ကထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ဇူလိုင် ၂၂ ရက်က ချင်းပြည်နယ်၊ မတူပီမြို့နယ် ရမ်စီးရွာသို့ဝင်လာပြီး ရွာသား ၂၇ ဦးကို ဘုရားကျောင်းထဲမှာဖမ်းဆီးကြပါတယ်။

CDF-Zotung ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက “စစ်ဦးစီးချုပ်နဲ့ သူ့ရဲဘော် ၂ ယောက်က ရွာသားတွေ ဘယ်လိုနေမလဲ နှိပ်စက်ခံရလာဆိုတာသွား ချောင်းကြည့်တဲ့ချိန်မှာ ကင်းပုန်းချထားတဲ့ စစ်ကောင်စီတပ်သားတွေက ဇူလိုင် ၂၃ ရက်မှာ ဖမ်းမိသွားတယ်။ သူတို့ဖမ်းဆီးခံရလာဆိုတာ ရွာသားတွေမသိကြဘူး။ ဇူလိုင် ၂၇ ရက်နေ့မှာ စစ်ကောင်စီကမီးရှို့တဲ့ချိန်မှာ ရွာသားတွေက အလောင်းမီးရှို့တဲ့အနံ့ရတယ်တဲ့။ အလောင်းက ဘယ်သူဘယ်ဝါဆိုတာခွဲခြားလို့မရပေမယ့် ၃ ယောက်ဖြစ်တာကြောင့် စစ်ဦးစီးချုပ်တို့ဖြစ်မယ်လို့အတည်ပြုလိုက်တယ်” လို့ပြောပါတယ်။

အသတ်ခံရတဲ့သူတွေက CDF-Zotung စစ်ဦးစီးချုပ် Thah Ceu (၄၀နှစ်ခန့်)၊ CDF-Zotung ရဲဘော် Aung Ming Thang (အသက် ၂၀ ဝန်းကျင်), နဲ့ Thang Cing Mang (အသက် ၂၀ ဝန်းကျင်) တို့ဖြစ်ပါတယ်။

Zalen ad

စစ်ကောင်စီဖမ်းဆီးထားတဲ့ ရွာသား ၂၇ ဦးကတော့ ယနေ့ သြဂုတ် ၃ ရက်တွင် ပြန်လွတ်ကြတယ်လို့သိရတယ်။

 

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်