CDF-Zotung စစ်ဦးစီးချုပ်အပါအဝင် ရဲဘော် ၃ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ပြီးမီးရှို့

CDF-Zotung စစ်ဦးစီးချုပ် Thah Ceu အပါအဝင် ရဲဘော် ၃ ဦးကို စစ်ကောင်စီတပ်သားတွေက ဇူလိုင် ၂၇ ရက်က သတ်ဖြတ်ပြီး အလောင်းကိုမီးရှို့ကြတယ်လို့ CDF-Zotung ကထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ဇူလိုင် ၂၂ ရက်က ချင်းပြည်နယ်၊ မတူပီမြို့နယ် ရမ်စီးရွာသို့ဝင်လာပြီး ရွာသား ၂၇ ဦးကို ဘုရားကျောင်းထဲမှာဖမ်းဆီးကြပါတယ်။

CDF-Zotung ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက “စစ်ဦးစီးချုပ်နဲ့ သူ့ရဲဘော် ၂ ယောက်က ရွာသားတွေ ဘယ်လိုနေမလဲ နှိပ်စက်ခံရလာဆိုတာသွား ချောင်းကြည့်တဲ့ချိန်မှာ ကင်းပုန်းချထားတဲ့ စစ်ကောင်စီတပ်သားတွေက ဇူလိုင် ၂၃ ရက်မှာ ဖမ်းမိသွားတယ်။ သူတို့ဖမ်းဆီးခံရလာဆိုတာ ရွာသားတွေမသိကြဘူး။ ဇူလိုင် ၂၇ ရက်နေ့မှာ စစ်ကောင်စီကမီးရှို့တဲ့ချိန်မှာ ရွာသားတွေက အလောင်းမီးရှို့တဲ့အနံ့ရတယ်တဲ့။ အလောင်းက ဘယ်သူဘယ်ဝါဆိုတာခွဲခြားလို့မရပေမယ့် ၃ ယောက်ဖြစ်တာကြောင့် စစ်ဦးစီးချုပ်တို့ဖြစ်မယ်လို့အတည်ပြုလိုက်တယ်” လို့ပြောပါတယ်။

အသတ်ခံရတဲ့သူတွေက CDF-Zotung စစ်ဦးစီးချုပ် Thah Ceu (၄၀နှစ်ခန့်)၊ CDF-Zotung ရဲဘော် Aung Ming Thang (အသက် ၂၀ ဝန်းကျင်), နဲ့ Thang Cing Mang (အသက် ၂၀ ဝန်းကျင်) တို့ဖြစ်ပါတယ်။

စစ်ကောင်စီဖမ်းဆီးထားတဲ့ ရွာသား ၂၇ ဦးကတော့ ယနေ့ သြဂုတ် ၃ ရက်တွင် ပြန်လွတ်ကြတယ်လို့သိရတယ်။

 

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်