Central YMA က မြန်မာစစ်ဘေးရှောင်ကို ဆန်အိတ် ၂၀၀ နဲ့ အခြားပစ္စည်းများလှူဒါန်း

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ရိခေါ်ဒါရ်မြို့နဲ့အနီးနားကျေးရွာကနေ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ စစ်ဘေးရှောင်နေတဲ့ပြည်သူတွေအတွက် Central YMA (Central Young Mizo Association) က ဆန်အိတ် ၂၀၀၊ ယာယီတဲဆောက်ဖို့ မိုးကာများ တန်ဖိုးအားဖြင့် ရူပီးငွေ ၃ သိန်းကျော် (မြန်မာငွေ ၈၇ သိန်းကျော်) ကို ဧပြီ ၂ ရက်ကလှူဒါန်းလိုက်တယ်လို့သတင်းရရှိပါတယ်။

ယင်းထောက်ပံ့ရေးပစ္စည်းတွေကို မြို့တော် အိုင်ဇောလ်မြို့ကနေ ကျန်ဖိုင်မြို့ YMA အဖွဲ့ထံအပ်နှံပြီး ၎င်းတို့က ဆက်လက်ဖြန့်ဝေကြမှာဖြစ်တယ်လို့သိရတယ်။

ရိခေါ်ဒါရ်မြို့နဲ့အနီးဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ရိခေါ်ဒါရ်မြို့နဲ့ ဟိုင်မွှောလ်ကျေးရွာက ပြည်သူ ၅ ထောင်ကျော်ဟာ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်ဘက်ကိုထွက်ပြေးတိမ်းရှောင်ကြပါတယ်။

မတ်လ ၂၆ ရက် နယ်စပ်တံတားဂိတ်မှာ တိုက်ပွဲဖြစ်ပွားတဲ့နောက်ပိုင်း တိုက်ပွဲဖြစ်ပွားမှုမရှိတော့ပေမယ့် ပြည်သူအများစုဟာ မိမိနေရပ်သို့မပြန်ရဲဘဲဖြစ်နေကြပါတယ်။

Central YMA အဖွဲ့အစည်းဟာ ပြည်နယ်အစိုးရ၊ ဘာသာရေးအဖွဲ့ပြီးရင် မီဇိုရမ်ပြည်နယ်မှာ သြဇာအရှိဆုံးနဲ့ သက်တမ်းအရင့်ဆုံး အရပ်ဖက်လူမှုအဖွဲ့အစည်းဖြစ်ပါတယ်။ မီဇိုရမ်ပြည်နယ်အတွင်းရှိ လူငယ် လူလတ်ပိုင်းအရွယ်အားလုံးဟာ YMA အသင်းဝင်တွေဖြစ်ကြပြီး မြို့တိုင်း ရွာတိုင်းမှာ YMA အဖွဲ့အစည်းတွေ ဖွဲ့စည်းကြပါတယ်။

Zawgyi

Central YMA က ျမန္မာစစ္ေဘးေရွာင္ကို ဆန္အိတ္ ၂၀၀ နဲ႔ အျခားပစၥည္းမ်ားလႉဒါန္း
ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕နယ္ ရိေခၚဒါရ္ၿမိဳ႕နဲ႔အနီးနားေက်း႐ြာကေန အိႏၵိယႏိုင္ငံ၊ မီဇိုရမ္ျပည္နယ္မွာ စစ္ေဘးေရွာင္ေနတဲ့ျပည္သူေတြအတြက္ Central YMA (Central Young Mizo Association) က ဆန္အိတ္ ၂၀၀၊ ယာယီတဲေဆာက္ဖို႔ မိုးကာမ်ား တန္ဖိုးအားျဖင့္ ႐ူပီးေငြ ၃ သိန္းေက်ာ္ (ျမန္မာေငြ ၈၇ သိန္းေက်ာ္) ကို ဧၿပီ ၂ ရက္ကလႉဒါန္းလိုက္တယ္လို႔သတင္းရရွိပါတယ္။

ယင္းေထာက္ပံ့ေရးပစၥည္းေတြကို ၿမိဳ႕ေတာ္ အိုင္ေဇာလ္ၿမိဳ႕ကေန က်န္ဖိုင္ၿမိဳ႕ YMA အဖြဲ႕ထံအပ္ႏွံၿပီး ၎တို႔က ဆက္လက္ျဖန႔္ေဝၾကမွာျဖစ္တယ္လို႔သိရတယ္။

ရိေခၚဒါရ္ၿမိဳ႕နဲ႔အနီးဝန္းက်င္မွာ စစ္ေကာင္စီတပ္နဲ႔ ေဒသကာကြယ္ေရးပူးေပါင္းတပ္ေတြတိုက္ပြဲျဖစ္ပြားခဲ့တာေၾကာင့္ ရိေခၚဒါရ္ၿမိဳ႕နဲ႔ ဟိုင္ေမႊာလ္ေက်း႐ြာက ျပည္သူ ၅ ေထာင္ေက်ာ္ဟာ မီဇိုရမ္ျပည္နယ္၊ က်န္ဖိုင္ခ႐ိုင္ဘက္ကိုထြက္ေျပးတိမ္းေရွာင္ၾကပါတယ္။

မတ္လ ၂၆ ရက္ နယ္စပ္တံတားဂိတ္မွာ တုိက္ပြဲျဖစ္ပြားတဲ့ေနာက္ပိုင္း တိုက္ပြဲျဖစ္ပြားမႈမရွိေတာ့ေပမယ့္ ျပည္သူအမ်ားစုဟာ မိမိေနရပ္သို႔မျပန္ရဲဘဲျဖစ္ေနၾကပါတယ္။

Central YMA အဖြဲ႕အစည္းဟာ ျပည္နယ္အစိုးရ၊ ဘာသာေရးအဖြဲ႕ၿပီးရင္ မီဇိုရမ္ျပည္နယ္မွာ ၾသဇာအရွိဆုံးနဲ႔ သက္တမ္းအရင့္ဆုံး အရပ္ဖက္လူမႈအဖြဲ႕အစည္းျဖစ္ပါတယ္။ မီဇိုရမ္ျပည္နယ္အတြင္းရွိ လူငယ္ လူလတ္ပိုင္းအ႐ြယ္အားလုံးဟာ YMA အသင္းဝင္ေတြျဖစ္ၾကၿပီး ၿမိဳ႕တိုင္း ႐ြာတိုင္းမွာ YMA အဖြဲ႕အစည္းေတြ ဖြဲ႕စည္းၾကပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်