CNF နဲ့ Nippon foundation ပူးပေါင်းပြီး ထန်တလန်မြို့နယ်မှာ ဖွံ့ဖြိုးရေးလုပ်ဖို့ ကွင်းဆင်းလေ့လာ

 

CNF နဲ့ Nippon foundation ပူးပေါင်းပြီး ထန်တလန်မြို့နယ်မှာ ဖွံ့ဖြိုးရေးလုပ်ဖို့ ကွင်းဆင်းလေ့လာ
ချင်းအမျိုးသားတပ်ဦး(CNF)နဲ့ ဂျပန်နိုင်ငံ Nippon foundation တို့ပူးပေါင်းပြီး ထန်တလန်မြို့နယ် CNF ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျေးရွာ(၂၁)ရွာမှာ ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ကိုင်ဖို့ ကွင်းဆင်းလေ့လာနေတယ်လို့သတင်းရရှိပါတယ်။
အဓိကအားဖြင့် စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းများလုပ်ငန်းရန်ဖြစ်ပြီး CNF မှလက်ထောက်အထွေထွေအတွင်းရေးမှူး(1)Dr.Sui Khar၊ CNF ဖွံ့ဖြိုးရေးနှင့်ပြန်လည်ထူထောင်ရေး ကဏ္ဍမှ Salai Bawi Lian Mang နှင့် The Nippon Foundationမှ Tatsuki Nakajima (Programme Director), Akane (Program Officer), Masaki Nishikaua (Program Officer) တို့သည် ချင်းပြည်နယ်အစိုးရအဖွဲ့ နှင့် တွေ့ဆုံခဲ့ကြပါတယ်။


ဒေသခံကျေးရွာများနဲ့တွေ့စုံစဉ် ၎င်းတို့က ရွေ့ပြောင်းတောင်ယာစနစ်မှ အတည်တကျစိုက်ပျိုးနိုင်တဲ့စနစ်သို့ပြောင်းလဲနိုင်ရန် ထောက်ပံ့ကူညီဖို့တင်ပြကြပါတယ်။
ယင်းကိစ္စနဲ့ပတ်သက်ပြီး CNF ပြန်လည်ထူထောင်ရေးကဏ္ဍမှ ဆလိုင်းဘွဲ့လျန်မန်က “အခုသွားတာက ကွင်းဆင်းလေ့လာရေးသပ်သပ်ပါ။ ဒေသခံကျေးရွာတွေနဲ့ တွေ့ဆုံညိုနှိုင်းကြတယ်။ ဒီကိစ္စကို ပြည်နယ်အစိုးရအဖွဲ့တွေနဲ့ တိုင်ပင်ရအုံးမယ်။ ဘယ်ချိန် စီမံကိန်းစမလဲဆိုတာ မသိရသေးဘူး”လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝရဲ့ ​ဖြစ်လာနိုင်ခြေအနာဂတ်စီးပွားရေး

R.Lakher ရေးသည်။ ဒီတစ်ခေါက်တော့ နိုင်ငံရေး တော်လှန်ရေး အကြောင်းမဟုတ်ပဲ့ ပလက်ဝ ဒေသရဲ့ မကြာခင် ဖြစ်လာနိုင်ခြေ စီးပွားရေး အကြောင်းများကို သုံးသပ် ကြည့်ချင်ပါသည်။ နိုင်ငံရေးနှင့် စီးပွားရေးဟာ ခွဲလို့မရတဲ့ အတွက် နိုင်ငံရေး ဘောဂဗေဒ ...

ဆက်ဖတ်ရန်