Guys From Chin အဖွဲ့က ကျန်ဖိုင်ခရိုင်က မြန်မာစစ်ဘေးရှောင်တွေကို ရူပီး ၇ သိန်းလှူဒါန်း

မြန်မာစစ်ဘေးရှောင်တွေအတွက် Guys From Chin အဖွဲ့က အွန်လိုင်းပေါ်မှာရံပုံငွေရှာဖွေရေးဖျော်ဖြေပွဲပြုလုပ်ရာကနေရရှိတဲ့ အလှူငွေအချို့ကို မီဇိုရမ်ပြည်နယ်၊ ဇိုခေါ်သာရ်ရွာမှာ စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေအတွက် ရူပီးငွေ ၇ သိန်း (မြန်မာငွေ သိန်း၁၆၀ ကျော်) ကို ဧပြီ ၃ ရက်နေ့ကပေးအပ်လှူဒါန်းကြပါတယ်။

အလှူငွေအားလုံးကို ဇိုခေါ်သာရ်ကျေးရွာအုပ်ချုပ်ရေးနဲ့လူမှုရေးအဖွဲ့အစည်းများကိုလက်ခံထားပြီး ၎င်းတို့က ပိုမိုလိုအပ်တဲ့ စစ်ဘေးရှောင်တွေထံ ပြန်လည်ပေးအပ်သွားမှာဖြစ်ပါတယ်။

ဇိုခေါ်သာရ်ရွာမှာ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့နဲ့ ဟိုင်မွှောလ်ကျေးရွာက ပြည်သူတွေသွားရောက်ခိုလှုံကြပါတယ်။ ယင်းရွာမှာ မြန်မာစစ်ဘေးရှောင် ၂ ထောင်ကနေ ၃ ထောင်ကြားရှိပြီး အချို့က ဝက်ခြံ၊ ကြက်ခြံတွေမှာ ခက်ခက်ခဲခဲနေထိုင်ကြပါတယ်။

Guys From Chin အဖွဲ့က ထောင်ဘွဲ့၊ ဒေးဗစ်လိုင်၊ ဘင်ဂျာမင် ဆုမ်း၊ နဲ့ ယောဂီတို့က သွားရောက်ပေးအပ်ကြပါတယ်။

မတ်လ ၂၂ ရက်ကလည်း မီဇိုရမ်ပြည်နယ် ရှာဟာခရိုင် ကျပီးကျေးရွာက မြန်မာစစ်ဘေးရှောင်တွေအတွက် ရူပီးငွေ ၆ သိန်းကျော်ကို Guys From Chin အဖွဲ့ကိုယ်စား ဒေးဗစ်လိုင်နဲ့ ကောဂီတို့ကသွားရောက်ပေးအပ်ကြပါတယ်။

Zawgyi

Guys From Chin အဖြဲ႕က က်န္ဖုိင္ခရိုင္က ျမန္မာစစ္ေဘးေရွာင္ေတြကို ႐ူပီး ၇ သိန္းလႉဒါန္း

ျမန္မာစစ္ေဘးေရွာင္ေတြအတြက္ Guys From Chin အဖြဲ႕က အြန္လိုင္းေပၚမွာရံပုံေငြရွာေဖြေရးေဖ်ာ္ေျဖပြဲျပဳလုပ္ရာကေနရရွိတဲ့ အလႉေငြအခ်ိဳ႕ကို မီဇိုရမ္ျပည္နယ္၊ ဇိုေခၚသာရ္႐ြာမွာ စစ္ေဘးေရွာင္ေနတဲ့ ျပည္သူေတြအတြက္ ႐ူပီးေငြ ၇ သိန္း (ျမန္မာေငြ သိန္း၁၆၀ ေက်ာ္) ကို ဧၿပီ ၃ ရက္ေန႔ကေပးအပ္လႉဒါန္းၾကပါတယ္။

အလွဴေငြအားလံုးကို ဇိုေခၚသာရ္ေက်းရြာအုပ္ခ်ဳပ္ေရးနဲ႔လူမႈေရးအဖြဲ႔အစည္းမ်ားကိုလက္ခံထားၿပီး ၄င္းတို႔က ပိုမိုလိုအပ္တဲ့ စစ္ေဘးေရွာင္ေတြထံ ျပန္လည္ေပးအပ္သြားမွာျဖစ္ပါတယ္။

ဇိုေခၚသာရ္႐ြာမွာ ခ်င္းျပည္နယ္၊ ရိေခၚဒါရ္ၿမိဳ႕နဲ႔ ဟိုင္ေမႊာလ္ေက်း႐ြာက ျပည္သူေတြသြားေရာက္ခိုလႈံၾကပါတယ္။ ယင္းရြာမွာ ျမန္မာစစ္ေဘးေရွာင္ ၂ ေထာင္ကေန ၃ ေထာင္ၾကားရွိၿပီး အခ်ဳိ႕က ဝက္ျခံ၊ ၾကက္ျခံေတြမွာ ခက္ခက္ခဲခဲေနထုိင္ၾကပါတယ္။

Guys From Chin အဖြဲ႕က ေထာင္ဘြဲ႕၊ ေဒးဗစ္လိုင္၊ ဘင္ဂ်ာမင္ ဆုမ္း၊ နဲ႔ ေယာဂီတို႔က သြားေရာက္ေပးအပ္ၾကပါတယ္။

မတ္လ ၂၂ ရက္ကလည္း မီဇိုရမ္ျပည္နယ္ ရွာဟာခ႐ိုင္ က်ပီးေက်း႐ြာက ျမန္မာစစ္ေဘးေရွာင္ေတြအတြက္ ႐ူပီးေငြ ၆ သိန္းေက်ာ္ကို Guys From Chin အဖြဲ႕ကိုယ္စား ေဒးဗစ္လိုင္နဲ႔ ေကာဂီတို႔ကသြားေရာက္ေပးအပ္ၾကပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်