MMID Top 10 ပြိုင်ပွဲဝင် ချင်းတိုင်းရင်းသား (၄)ဦးကို All Chin Society-Yangon ဂုဏ်ပြု

Myanmar Idol Season 4 က Top 10 ပြိုင်ပွဲဝင် ချင်းတိုင်းရင်းသား လေးဦးဖြစ်တဲ့ အက်စတာ၊ ဘင်ဂျာမင်၊ ယောကီး နဲ့ တန်ခွန်ကျော်@ Thuam Lian Thang တို့ကို ချင်းလူမှုရေးအသင်း-ရန်ကုန်က ဒီမနက် ၉ နာရီက နိုဗိုတယ်ဟိုတယ်မှာ ဂုဏ်ပြုပွဲကျင်းပပါတယ်။

All Chin Society-Yangon အသင်း ဥက္ကဌ ဦးပီတာငွန်ဇကျူံးက “Myanmar Idol မှာ ချင်းတိုင်းရင်းသား ၄ ယောက်အောင်မြင်မှုရလာတဲ့ခါမှာ ကျနော်တို့ ချင်းတွေအားလုံးဝမ်းသာကြတယ်။ ဒါကြောင့် သူတို့ကို အထူးဂုဏ်ပြုချင်တာပေါ့။ ပြီးတော့ သူတို့ကိုလည်း ကျေးဇူးတင်တဲ့အကြောင်းပြသတဲ့အနေနဲ့ကျင်းပတာဖြစ်တယ်” လို့ပြောပါတယ်။

၎င်းတို့လေးဦးကို All Chin Society-Yangon က ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ချင်းရိုးရာဝတ်စုံ ချီးမြှင့်သွားပါတယ်။

Zalen ad

ဘင်ဂျာမင်ဆုမ်းက “ပြိုင်ပွဲဝင် ချင်းညီအစ်ကို မောင်နှမ ၄ ယောက်ကိုဂုဏ်ပြုတယ်ဆိုတော့ အရမ်းပျော်တယ်။ ဒီလိုမျိုးပွဲကြောင့် စည်းလုံးမှုလည်း ထပ်တိုးလာမယ်လို့ယုံကြည်ပါတယ်။ ပြိုင်ပွဲပြီးသွားပြီဆိုတော့ ကိုယ့်ဘာသာ ဆက်လှမ်းရမယ်ဆိုတော့ အခု သီချင်းအသစ်လုပ်ဖို့လည်းရှိတယ်။ စလည်းလုပ်နေပါပြီ။ ရှိုးပွဲတွေဆိုဖို့လည်းရှိတယ်။ တခြားအစီအစဉ်တွေလည်း အများကြီးရှိပါတယ်။ ပြိုင်ပွဲတုန်းကတော့ သူ့ fan ကိုယ့် fan ဆိုတာရှိပေမယ့် ကျနော်တို့အားလုံးကတော့ အချင်းချင်းချစ်ကြတယ်။ ဒါကြောင့်အားလုံးကိုချစ်ပေးကြပါ” လို့ပြောပါတယ်။

ဒီဇင်ဘာ (၃၁)ရက်တွင်လည်း ၎င်းတို့ လေးဦးကို CCA(Chin Christian Alliance) က သန်လျင် Star City Condoမှာ ဂုဏ်ပြုပွဲကျင်းပပေးခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

စစ်မှုမထမ်းမနေရအဆိုကို ချင်းပြည်ကောင်စီအတည်ပြုပြီး စတင်အကောင်အထည်ဖော်နေ

မတ် ၁၂ ၊ ၂၀၂၆ Zalen အရွယ်ရောက်ပြီးကျန်းမာသူတိုင်း စစ်မှုမထမ်းမနေရဆိုတဲ့အဆိုပြုချက်ကို ချင်းပြည်ကောင်စီအဖွဲ့ဝင် အားလုံး သဘောတူညီချက်ဖြင့် အတည်ပြုလိုက်ပြီး လတ်တလောမှာ စတင်အကောင်အထည်ဖော်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး ( CNF ) မှ ဗိုလ်မှူးကြီးဆော်လမွန်က  ဒီကနေ့မနက်ပိုင်း ...

ဆက်ဖတ်ရန်