NUG ပြည်သူ့ရင်ခွင်ခိုလှုံရေးထံ ဆက်သွယ် အလင်းဝင်လာသူ တပ်/ရဲ ပေါင်း ၁၄၀၀၀ ကျော် ထိရှိလာ

၂၂၊ နိုဝင်ဘာ ၊၂၀၂၃

Zalen

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်ကအာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) မှ စစ်တပ်လက်အောက်တွင် တာဝန်မထမ်းဆောင်လိုသော တပ်မတော်သားများနဲ့ ရဲသားများ ပြည်သူဘက်သို့ ခိုလှုံနိုင်ရန်အတွက် ဖွဲ့စည်းထားတဲ့  ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ် အကောင် အထည်ဖော်မှု ကော်မတီထံသို့ အလင်းဝင်လာသူ စုစုပေါင်း ၁၄၀၀၀ ဦးကျော်ရှိပြီလို့ NUG က မနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့တွင်ထုတ်ပြန်ထားပါတယ်။

NUG အနေဖြင့်တိုင်းရင်းသားတော်လှန်ရေး အင်အားစုများနဲ့ လက်တွဲကာ စစ်အာဏာရှင်စနစ်အမြစ်ဖြတ် ဖယ်ရှားရေးနဲ့ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ထောင်နိုင်ရေးအတွက် လုပ်ငန်းစဉ်များဖော် ဆောင်ရာတွင်သွေးမြေကျမှုနည်းနိုင်သမျှ အနည်းဆုံးဖြစ်အောင်ရည်ရွယ်ကာ ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီ အစဉ် အကောင်အထည်ဖော်မှု ကော်မတီထံကိုဖွဲ့စည်းခဲ့ ခြင်းဖြစ်ကာ စစ်တပ်အာဏာသိမ်းပြီးမှ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့အထိ အလင်းဝင်လာသူ တပ်မတော်သားနှင့် ရဲသားများ ၁၄၀၀၀ဦးကျော် ရှိပြီလို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးစတင်သည့် အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ လ ၂၁ ရက် အထိ နှစ်ပတ်တာကာလအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ် အကောင်အထည်ဖော်မှုကော်မတီ သို့ ဆက်သွယ် ခိုလှုံလာတဲ့ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၃၄ ဦးရှိ တယ်လို့ လည်းထည့်သွင်းဖော်ပြ ထားပါတယ်။

ခိုလှုံလာတဲ့ ၃၄ ဦးထဲမှ ၂၂ ဦးကို လုံခြုံတဲ့ နေရာသို့ ပို့ဆောင်ပြီးဖြစ်သလို ကျန်ရှိနေသော ၁၂ ဦးအား စီစဉ် ဆောင်ရွက်နေဆဲဖြစ်တယ်လို့သိရပါတယ်။

အဆိုပါ ၃၄ ဦးတွင် ဗိုလ်ကြီး ၄ ဦး၊ အရာရှိ ၁ ဦး၊ တပ်ကြပ်ကြီး၄ ဦး၊ တပ်ကြပ် ၂ ဦး၊ ဒုတပ်ကြပ် ၂ ဦး၊ ရဲဘော် ၁၉ ဦး၊ ရထားရဲ ၂ ဦးတို့ပါဝင်ပြီး လက်နက်ခဲယမ်းများအနေဖြင့် MA-1 ၃ လက်၊ ၉မမ ပစ္စတို ၂ လက်၊ MA-4 ၁ လက်၊ ၄၀ မမ ဗုံးသီး ၅ လုံး၊ လက်ပစ်ဗုံး ၈ လုံးနှင့် ၅.၅၆ နှင့် ၇.၆၂ ကျည် ၁,၀၀၀ နီးပါး ပါဝင် တယ်လို့သိရပါတယ်။

စစ်ကောင်စီလက်အောက်ကနေ ထွက်ခွာလာနိုင်ခြင်း မရှိသေးဘဲ Pre CDM (ဖရဲသီး) အဖြစ် တပ် တွင်းကနေပြီး သတင်း အချက်အလက်များ ပေးပို့ ပူးပေါင်းလာသူ ၆ ဦး ထပ် တိုးလာကြောင်းလည်း NUG ပြည်သူ့ရင်ခွင်ခိုလှုံရေး အစီအစဉ် အကောင်အထည်ဖော်မှုကော်မတီ ရဲ့ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော် ပြထားပါတယ်။

သတင်း-Grace

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်