Ruby Mark မီးလောင်မှုတွင် ချင်းတိုင်းရင်းသူပိုင် ချင်းအထည်ဆိုင်လည်း မီးလောင်ပြာကျ

ရန်ကုန်၊ ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်လမ်းနဲ့ ပန်းဆိုးတန်းလမ်းထောင့်က ဧပြီ ၁ ရက်ည ၁နာရီခန့်က Ruby Mark ဈေးကုန်တိုက်မီးလောင်မှုတွင် ချင်းတိုင်းရင်းသူ မနွမ်နွမ်ရဲ့ မနွမ်ချင်းအထည်ဆိုင်လည်း မီးလောင်ပြာကျသွားတယ်လို့သတင်းရရှိပါတယ်။

မနွမ်ချင်းအထည်ဆိုင်ဟာ Ruby Mark တွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၀ ရက်တွင်စတင်ဖွင့်လှစ်ပါတယ်။
ဆုံးရှုံးမှုတန်ဖိုးကတော့ ကျပ်သိန်း ၄၀၀ မှ ၅၀၀ ကြားရှိတယ်လို့ပြောပါတယ်။

မနွမ်နွမ်က “မနေ့က မီးလောင်တဲ့နေရာကိုသွားကြည့်ကြတယ်။ ဘာမှ ရစရာမရှိတော့ဘူး။ လျော်ကြေးရဖို့တော့ သိပ်မျှော်လင့်စရာရှိဟန်မတူဘူး။ ကျမဆိုင်က ၄ လွှာမှာ။ မီး‌စလောင်တာက ၂ လွှာကစတာ။ အောက်ဆုံးကတော့ ပြန်ယူသုံးလို့ရတဲ့ဟာလည်းရှိတယ်။ ဒီတော်လှန်ရေးမှာ သူများတွေ အသက်တွေပေးဆပ်နေတဲ့ချိန်မှာ ကျမတို့က ပစည်းတွေပေးဆပ်ရတယ်လို့ဘဲယူဆတယ်။ ဘုရားသခင်က အကောင်းဆုံးနဲ့ ပြန်လည်လမ်းပြပို့ဆောင်မယ်လို့ပဲယုံကြည်တယ်” လို့ပြောပါတယ်။

Zalen ad

ဈေးကုန်တိုက်မီးမလောင်ခင် မတ် ၃၁ ရက်နေ့ ညနေ ၃ နာရီထိ ဆိုင်ဖွင့်ထားပြီး နေ့ ရော ညပါ လုံခြုံရေးချထားတာလည်းကှိပါတယ်။
Ruby Mark ဈေးဝယ်ကုန်တိုက်ဟာ စစ်တပ်ပိုင်ဖြစ်ပြီး ယင်းညတွင် စစ်တပ်ပိုင် ကုန်တိုက် ၂ ခုမီးလောင်သွားပါတယ်။

နောက်ဆုံးရသတင်းများ

မီဇိုရမ်ရှိ မြန်မာစစ်ဘေးရှောင်များရဲ့ Biometric စာရင်းသွင်းမှု ၉၇ ရာခိုင်နှုန်းကျော် ပြီးစီး

ဇွန် ၂၃ ၊၂၀၂၆Zalen ၂၀၂၅ ခုနှစ် ဇူလိုင်လကုန်ပိုင်းကနေစတင်ခဲ့တဲ့ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေကြတဲ့ မြန်မာစစ်ဘေးရှောင်များရဲ့ ဇီဝအချက်အလက် (Biometric) စာရင်းသွင်းမှုလုပ်ငန်းဟာ ၉၇ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ပါတယ်။ မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဌာန တာဝန်ရှိသူများရဲ့ ပြောကြားချက်အရ လူဦးရေစာရင်းကောက်ယူရေးနဲ့ ...

ဆက်ဖတ်ရန်