UFC 328 ချန်ပီယံကာကွယ်ပွဲမှာ Joshua Van ချင်းရိုးရာဝတ်စုံဖြင့် ပွဲထွက်လာ

မေ ၈၊ ၂၀၂၆
Zalen

အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်၊ Newark မြို့မှာ ကျင်းပတဲ့ UFC 328 သတင်းစာရှင်းလင်းပွဲကို ဖလိုင်းဝိတ်တန်းချန်ပီယံ Joshua Van ဟာ ချင်းရိုးရာဝတ်စုံကို ဝတ်ဆင်ပြီးပွဲတက်ရောက်ခဲ့ပါတယ်။

သူဟာ ကမ္ဘာ့အဆင့်မီ MMA ပြိုင်ပွဲကြီးရဲ့ မီဒီယာများရှေ့မှာ မိမိ လူမျိုးနဲ့ ယဉ်ကျေးမှုကို ထုတ်ဖော်ပြသဖို့ ချင်းရိုးရာဝတ်စုံကို ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။

Zalen ad

“The Fearless” ဟု လူသိများတဲ့ Joshua Van ရဲ့ အခု ချင်းရိုးရာကို ဝတ်ဆင်လာတာကြောင့် ပရိသတ်တွေအကြား စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။

UFC 328 မှာ Joshua Van ဟာ သူရဲ့ ချန်ပီယံ ခါးပတ်ကို ပထမဆုံးအကြိမ် ကာကွယ်ရမည်ဖြစ်ပြီး ပြိုင်ဘက်အဖြစ် အဆင့် (၃) နေရာမှ ဂျပန်ဖိုက်တာ Tatsuro Taira နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

Tatsuro Taira ဟာ နောက်ဆုံးနှစ်ပွဲဆက် အနိုင်ရလဒ်တွေ ရရှိထားသူဖြစ်ပါတယ်။

အဆိုပါ ချန်ပီယံကာကွယ်ပွဲကို မြန်မာစံတော်ချိန် မေလ ၁၀ ရက်၊ နံနက် ၇ နာရီခွဲမှာ Prudential Center မှာ ကျင်းပမှာဖြစ်ပါတယ်။

ဒါ့အပြင် ယင်းညရဲ့ Main Event အဖြစ် Khamzat Chimaev နဲ့ Sean Strickland တို့ရဲံ့ မစ်ဒယ်ဝိတ်တန်း ချန်ပီယံလုပွဲကိုလည်း ထည့်သွင်းကျင်းပသွားမှာဖြစ်ပါတယ်။

သတင်း-ဆလိုင်း

နောက်ဆုံးရသတင်းများ

ဘုရားကျောင်းတွေ တိုက်ခိုက်ခံရမှုအပေါ် အမေရိကန်က စစ်ကောင်စီကို ဖိအားပေးဖို့ပြင်ဆင်နေ

မေ ၁၂၊ ၂၀၂၆Zalen မြန်မာနိုင်ငံထဲမှာရှိတဲ့ ခရစ်ယာန်ဘာသာရေး အဆောက် အအုံတွေကို မြန်မာစစ်ကောင်စီတပ်က တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရက အထူးစိုးရိမ်နေသလို၊ ဒီကိစ္စတွေအတွက် တာဝန်ရှိသူတွေကို အရေးယူဖို့ ပြင်ဆင်နေတယ်လို့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ပြောပါတယ်။ အမေရိကန် ...

ဆက်ဖတ်ရန်