ကလေးမြို့တွင် ပလက်ဝစစ်ဘေးရှောင်ဒုက္ခသည်တွေကူညီဖို့ အလှူခံဌာနဖွင့်လှစ်မယ်

ပလက်ဝမြို့နယ်က စစ်ဘေးရှောင်ဒုက္ခသည်တွေကို ဆန် နဲ့ ဆေးဝါးတွေအကူအညီပေးဖို့ ကလေးမြို့ ဗိုလ်ချုပ်လမ်းမတွင် မနက်ဖြန်ကစပြီး အလှူခံဌာနဖွင့်လှစ်သွားမယ်လို့သတင်းရရှိပါတယ်။

အလှူခံဌာနကို ကလေးမြို့ ဗိုလ်ချုပ်လမ်း၊ တပ်ဦးသီတာရပ်ကွက် ဇိုမီးပါတီလွှတ်တော်ကိုယ်စားလှယ် ပူးကျင်ရှင်းထန်ရဲ့နေအိမ် ( ရှင်းဟုန်ဟိုတယ် နဲ့ မျက်နှာချင်းဆိုင်) မှာ ဖွင့်လှစ်ထားပါတယ်။

ယင်းအလှူခံဌာနကို ၈၈ မျိုးဆက် (ငြိမ်း/ပွင့်)၊ ကလေးမြို့၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ကလေးမြို့နဲ့ ချင်းတိုင်းသားတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ကလေးမြို့တို့ ပူးပေါင်းကာဖွင့်လှစ်မှာဖြစ်ပါတယ်။

Zalen ad

မနက်တိုင်း နံနက် (၉)နာရီမှ ညနေ (၅)နာရီထိ တစ်ပတ်အကြာ မတ်လ (၁၅)ရက်ထိ အလှူငွေလက်ခံမယ်လို့သိရပါတယ်။

ဒါပြင့်ပလက်ဝကျောင်းသားများမိသားစု (ဟားခါး)အဖွဲ့ကလည်း မတ်လ (၁၅)ရက်ညတွင် ဟားခါးမြို့မှာ ပလက်ဝစစ်ဘေးရှောင်တွေကူညီဖို့ Coffee Night ကျင်းပကာ ရံပုံငွေရှာကြမယ်လို့သိရပါတယ်။

လက်ရှိ ပလက်ဝမြို့နယ်မှာ တပ်မတော်နဲ့ အေအေလက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် ပလက်ဝမြို့သို့ အဓိက ရိက္ခာတွေတင်ပို့တဲ့ ပလက်ဝ- ကျောက်တော် ကြားဆက်သွယ်ရေးလမ်းကြောင်းတွေအကုန်ပိတ်ထားသဖြင့် စားဝတ်နေရေးအကြပ်အတည်းနဲ့ကြုံ့နေကြပါတယ်။

(Zawgyi)

ကေလးၿမိဳ႕တြင္ ပလက္ဝစစ္ေဘးေရွာင္ဒုကၡသည္ေတြကူညီဖို႔ အလႉခံဌာနဖြင့္လွစ္မယ္

ပလက္ဝၿမိဳ႕နယ္က စစ္ေဘးေရွာင္ဒုကၡသည္ေတြကို ဆန္ နဲ႔ ေဆးဝါးေတြအကူအညီေပးဖို႔ ကေလးၿမိဳ႕ ဗိုလ္ခ်ဳပ္လမ္းမတြင္ မနက္ျဖန္ကစၿပီး အလႉခံဌာနဖြင့္လွစ္သြားမယ္လို႔သတင္းရရွိပါတယ္။

အလႉခံဌာနကို ကေလးၿမိဳ႕ ဗိုလ္ခ်ဳပ္လမ္း၊ တပ္ဦးသီတာရပ္ကြက္ ဇိုမီးပါတီလႊတ္ေတာ္ကိုယ္စားလွယ္ ပူးက်င္ရွင္းထန္ရဲ႕ေနအိမ္ ( ရွင္းဟုန္ဟိုတယ္ နဲ႔ မ်က္ႏွာခ်င္းဆိုင္) မွာ ဖြင့္လွစ္ထားပါတယ္။

ယင္းအလႉခံဌာနကို ၈၈ မ်ိဳးဆက္ (ၿငိမ္း/ပြင့္)၊ ကေလးၿမိဳ႕၊ ဆန္စက္လုပ္ငန္းရွင္မ်ားအသင္း၊ ကေလးၿမိဳ႕နဲ႔ ခ်င္းတိုင္းသားတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ၊ ကေလးၿမိဳ႕တို႔ ပူးေပါင္းကာဖြင့္လွစ္မွာျဖစ္ပါတယ္။

မနက္တိုင္း နံနက္ (၉)နာရီမွ ညေန (၅)နာရီထိ တစ္ပတ္အၾကာ မတ္လ (၁၅)ရက္ထိ အလႉေငြလက္ခံမယ္လို႔သိရပါတယ္။

ဒါျပင့္ပလက္ဝေက်ာင္းသားမ်ားမိသားစု (ဟားခါး)အဖြဲ႕ကလည္း မတ္လ (၁၅)ရက္ညတြင္ ဟားခါးၿမိဳ႕မွာ ပလက္ဝစစ္ေဘးေရွာင္ေတြကူညီဖို႔ Coffee Night က်င္းပကာ ရံပုံေငြရွာၾကမယ္လို႔သိရပါတယ္။

လက္ရွိ ပလက္ဝၿမိဳ႕နယ္မွာ တပ္မေတာ္နဲ႔ ေအေအလက္နက္ကိုင္တပ္ဖြဲ႔တုိ႔ တုိက္ပြဲျပင္းထန္ေနတာေၾကာင့္ ပလက္ဝၿမိဳ႕သို႔ အဓိက ရိကၡာေတြတင္ပို႔တဲ့ ပလက္ဝ- ေက်ာက္ေတာ္ ၾကားဆက္သြယ္ေရးလမ္းေၾကာင္းေတြအကုန္ပိတ္ထားသျဖင့္ စားဝတ္ေနေရးအၾကပ္အတည္းနဲ႔ၾကံဳ႕ေနၾကပါတယ္။

နောက်ဆုံးရသတင်းများ

ခြင်ရိုက်ပြီး ငွေရှာနေတဲ့ ထိုင်းနိုင်ငံက အမျိုးသမီး၊ ထူးခြားတဲ့အကြံနဲ့ ဘတ်တသောင်းထိငွေရှာနိုင်ခဲ့

ဧပြီ ၂၉၊ ၂၀၂၆ Zalen ထိုင်းနိုင်ငံက လီဆိုတဲ့ အမျိုးသမီးဟာ ကျနော်တို့လိုလူသားများအတွက် အနှောက်အယှက်ပဲဖြစ်တဲ့ “ခြင်”တွေကို ငွေရှာတဲ့ အခွင့်အလမ်းအဖြစ်ဖန်တီးလိုက်ပါပြီ။ လီဟာ နေ့စဉ်ဆိုသလို ကျတော်တို့တွေက လျှပ်စစ်ဘတ်တံ ခြင်ဆေးခွေ ခြင်ပြေးစတစ်ကာလိုမျိုးတွေ အသုံးပြုပြီး ရိုက်သတ် ...

ဆက်ဖတ်ရန်