မုန်းချောင်းတံတားကို စစ်ကောင်စီက ဗုံးကြဲလို့ တံတားပြုပြင်တဲ့အရပ်သား‌အချို့ သေဆုံး / ထိခိုက်မှုများရှိ

ဧပြီ ၂၉ ၊၂၀၂၆
Zalen

ကန်ပက်လက်မြို့နယ် ၊ ကျင်ဒွေးမြို့အနီးရှိ မုန်းချောင်းတံတားကို ဒီကနေ့ မနက် ၁၀ နာရီခွဲ ၀န်းကျင်မှာ စစ်ကောင်စီက ဗုံးကြဲလို့ တံတားပြုပြင်သူတွေနဲ့ ‌တံတားအနီးအနားရှိ အရပ်သားပြည်သူတွေ ဗုံးထိမှန်ပြီး သေဆုံး/ထိခိုက်မှုတွေ များတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်း တံတားဦးတက် YAK 130 ဂျက်ဖိုက်တာ ၁ စီးနဲ့ ‌အကြောင်းမဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် တံတား ပြုပြင်တဲ့အရပ်သား တွေနဲ့ အနီးအနားဈေး ရောင်းတဲ့ ပြည်သူတွေ ထိခိုက်သေဆုံးခဲ့တာလို့ဆိုပါတယ်။

” ၈ ဦးသေသွားတယ်လို့ပြောတယ်။ ဒဏ်ရာရတာက ၃ ဦးတဲ့။ အရပ်သားတွေပါ။တံတားပြင်ကြတာ။ ပြီးတော့ တံတားဘေးမှာ မုန့်ဟင်းခါး ရောင်းတဲ့သူတွေရောသေတာ” လို့ ဒေသခံတဦးက Zalen ကိုပြောပါတယ်။

Zalen ad

ဆက်လက်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့်ပြန်ပြုပြင်ထားတဲ့ တံတားလည်းပျက်စီးသွားတယ်လို့ သူကရှင်းပြပါတယ်။

အဲ့ဒီမုန်းချောင်းတံတားကတော့ ကန်ပက်လက် ၊ပလက်၀ ၊ ရခိုင် ဘက်တွေ သွားလာနေရတဲ့ တံတားဖြစ်ပြီး အခုချိန်မှာတော့ ဒေသခံ တွေရဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။

သတင်း – မိုင်လှူးလှူး
ဓာတ်ပုံ – မုန်းချောင်းတံတားပုံ

နောက်ဆုံးရသတင်းများ

အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းပိုင်း ကလေးမြို့နဲ့ တမူးမြို့ကိုဆက်သွယ်ထားတဲ့ ၅၅ မိုင်တံတားဖျက်ဆီးခံရ

ဇွန် ၁၅၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းပိုင်းက ကလေးမြို့နဲ့ တမူးမြို့ကို ဆက်သွယ်ထားတဲ့ ၅၅ မိုင်တံတားဖျက်ဆီးခံရတယ်လို့ ဒေသသတင်းအရင်းအမြစ်များအရသိရပါတယ်။ အဲဒီကလေး-တမူးလမ်းပိုင်းရှိ ကလေးမြို့နယ်က ၅၅မိုင်တံတားကိုဇွန်လ ၁၃ရက်နေ့မှာမိုင်းဆွဲဖျက်ဆီးခံရတာဖြစ်တယ်လို့ဆိုပါတယ်။ ယင်း ကလေး-တမူးလမ်းမပေါ်ရှိ ၅၅ ...

ဆက်ဖတ်ရန်