ညောင်လေးပင်ခရိုင်မှာ လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦး အပါအ၀င် အရပ်သားလေးဦး ဒဏ်ရာရ

စက်တင်ဘာ ၂၅၊ ၂၀၂၃။

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်က ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ထားတဲ့ ကျောက်ကြီးမြို့နယ်နဲ့ မုန်းမြို့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့လို့ ကလေးငယ်တစ်ဦး အပါအ၀င် အရပ်သားလေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNUဗဟိုက စက်တင်ဘာလ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၂၁ ရက် ညနေပိုင်းမှာ ပိန်းဇလုပ်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၂၆၄ က ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ တောင်ခင်ကျေးရွာ ရွှေဘိုစုရပ်ကွက်က အသက်၉နှစ်အရွယ် မောင်ဟန်ထက်အောင်၊ အသက် ၂၆ နှစ်အရွယ် ကိုတင်ကိုလတ် တို့နှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၂၀ ရက် ညနေပိုင်းနဲ့ ၂၁ ရက် ညပိုင်းမှာ မုန်းမြို့မှာလည်း စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ ၅၉၉ တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ တခေါပွာကျေးရွာက အသက် ၃၆ နှစ်အရွယ် စောမူတူး နဲ့ ထီးလိုတိုကျေးရွာက အသက် ၅၂ နှစ်အရွယ် ဒေါ်စန်း တို့ ဒဏ်ရာရရှိခဲ့ပါတယ်။ စက်တင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်ရင်း ခလရ−၂၆၄ကနေ ၈၁ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ် ခဲ့ရာ စစ်တောင်းမြစ် အနောက် ဘက်ကမ်း တောင်ခင်ကျေးရွာ ရွှေဘိုစုရပ်ကွက်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် (၁) လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်ဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်က ဒေသခံတွေကို တမင်သက်သက် ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ KNU က ပြောပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

အီရန်စစ်ပွဲကြောင့် ကွန်ဒုံးဈေးနှုန်းတွေ မြင့်တက်လာနိုင်ခြေရှိ

ဧပြီ ၂၂၊ ၂၀၂၆Zalen အီရန်စစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်တွေ ဆက်လက် အနှောင့်အယှက်ဖြစ်ပေါ်နေပါက ဘေးကင်းလုံခြုံ လိင်ဆက်ဆံမှုအတွက် ကုန်ကျစရိတ်တွေ ပိုမိုမြင့်တက်လာနိုင်တယ်လို့ ကမ္ဘာ့အကြီးဆုံး ကွန်ဒုံး ထုတ်လုပ်သူ Karex ကုမ္ပဏီ ရဲ့ CEO ...

ဆက်ဖတ်ရန်