ညောင်လေးပင်ခရိုင်မှာ လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦး အပါအ၀င် အရပ်သားလေးဦး ဒဏ်ရာရ

စက်တင်ဘာ ၂၅၊ ၂၀၂၃။

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်က ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ထားတဲ့ ကျောက်ကြီးမြို့နယ်နဲ့ မုန်းမြို့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့လို့ ကလေးငယ်တစ်ဦး အပါအ၀င် အရပ်သားလေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNUဗဟိုက စက်တင်ဘာလ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၂၁ ရက် ညနေပိုင်းမှာ ပိန်းဇလုပ်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၂၆၄ က ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ တောင်ခင်ကျေးရွာ ရွှေဘိုစုရပ်ကွက်က အသက်၉နှစ်အရွယ် မောင်ဟန်ထက်အောင်၊ အသက် ၂၆ နှစ်အရွယ် ကိုတင်ကိုလတ် တို့နှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၂၀ ရက် ညနေပိုင်းနဲ့ ၂၁ ရက် ညပိုင်းမှာ မုန်းမြို့မှာလည်း စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ ၅၉၉ တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ တခေါပွာကျေးရွာက အသက် ၃၆ နှစ်အရွယ် စောမူတူး နဲ့ ထီးလိုတိုကျေးရွာက အသက် ၅၂ နှစ်အရွယ် ဒေါ်စန်း တို့ ဒဏ်ရာရရှိခဲ့ပါတယ်။ စက်တင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်ရင်း ခလရ−၂၆၄ကနေ ၈၁ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ် ခဲ့ရာ စစ်တောင်းမြစ် အနောက် ဘက်ကမ်း တောင်ခင်ကျေးရွာ ရွှေဘိုစုရပ်ကွက်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် (၁) လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်ဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်က ဒေသခံတွေကို တမင်သက်သက် ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ KNU က ပြောပါတယ်။

နောက်ဆုံးရသတင်းများ

ယီမင်ဟူသီ စစ်ဦးစီးချုပ်အသတ်ခံရမှု အစ္စရေးကိုလက်တုံ့ပြန်မယ်လို့ဆို

၁၇ ၊ အောက်တိုဘာလ၊ ၂၀၂၅ Zalen ယီမင်နိုင်ငံရှိဟူသီသူပုန်များဟာ သူတို့ရဲ့စစ်ဦးစီးချုပ် Muhammad Abd al-Ghamari က ပြီးခဲ့တဲ့ ဩဂုတ်လ နှောင်းပိုင်း မှာ တာဝန်ထမ်းဆောင်စဉ်အသတ်ခံခဲ့ရတယ်လို့ အောက်တိုဘာလ ၁၅ ရက်မှာအတည်ပြုခဲ့ပါတယ်။ ဟူသီသူပုန်အဖွဲ့က ...

ဆက်ဖတ်ရန်