မင်းကင်းမှာ မင်္ဂလာပွဲ လေယာဉ်ဖြင့်ဗုံးကြဲခံရပြီး ကလေးငယ်အပါဝင် အရပ်သား ၂၀ကျော်သေဆုံး၊၄၀ကျော်ဒဏ်ရာရ

၃၊ဇွန်၊၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ် မတောရွာမှာ မင်္ဂလာဆောင်ပွဲကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ဗုံးကြဲခဲ့ပြီး ကလေးငယ်အပါအဝင် အရပ်သား ၂၀ကျော်သေဆုံးပြီး ၄၀ကျော်ဒဏ်ရာရထားတယ်လို့သိရပါတယ်။

ဇွန်လ ၃ရက် ယနေ့မနက် ၈နာရီမှာ မကွေးလေတပ်ကနေ MiG-29အမျိုးစား တိုက်လေယာဉ်နဲ့ ပကဖအဆင့်ရှိ မခင်နှင်းဆီရဲ့ မင်္ဂလာဆောင်ပွဲကိုပေါင် ၅၀၀ဗုံး၂လုံး ကြဲခဲ့ပြီး ကလေးငယ်အပါအဝင် မင်္ဂဆောင်တက်ရောက်သူ ၂၀ကျော်သေဆုံးခဲ့ရတာဖြစ်ပါတယ်။

“ဒလန်သတင်းပေးမှုလို့ယူဆရတယ်။အလောင်းတွေလည်း အကုန်မကောက်နိုင်သေးဘူး။စကစဘက်က လက်နက်ကြီးနဲ့ ဆက်ပစ်နေတုန်း။အလောင်းတွေစုတ်ပြတ်သတ်သွားတာတွေများတယ်”လို့ မင်းကင်းဒေသခံတစ်ဦးကပြောပါတယ်။

ဗုံးကြဲခံရမှုကြောင့် သတိုးသားနဲ့ သတိုးသမီးလည်း သေဆုံးခဲ့ပြီး ကလေးငယ်အနည်းဆုံး ၃ဦးသေဆုံးကာ ဒဏ်ရာရသူများကို အချိန်မှီဆေးမကုနိုင်ရင်သေဆုံးမှုတွေထပ်ရှိလာနိုင်တယ်လို့ ၎င်းကပြောထားပါတယ်။

HAK

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက လမ်းတွေပိတ်ထားလို့ ကလေးမြို့နယ်က စစ်ရှောင်တွေ အခက်အခဲဖြစ်နေ

နိုဝင်ဘာ ၂၂၊ ၂၀၂၅Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်က ကလေးမြို့ပေါ်နဲ့ ကျေးရွာတွေကို ဆက်သွယ်ထားတဲ့လမ်းမကြီးတွေကို ပိတ်ဆို့မှုတွေကြောင့် စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အောက်တိုဘာလကတည်းက အင်အားသုံးပြီး ကလေးတောင်ပိုင်းနဲ့ မြောက်ပိုင်းက ...

ဆက်ဖတ်ရန်