မင်းတပ်မြို့နယ်အတွင်းစစ်ကောင်စီကလေကြောင်းဖြင့်ထပ်မံတိုက်ခိုက်

၇၊စက်တင်ဘာ၊၂၀၂၄

Zalen

ချင်းပြည်နယ်၊မင်းတပ်မြို့နယ်၊တိုက်နယ်အမှတ် ၂ ချပ်ကျေးရွာနဲ့ ၃၇ မိုင်ကြားကိုစစ်ကောင်စီက ဒီကနေ့မနက်အစောပိုင်း၃နာရီ၄၅မိနစ်အချိန်မှာလေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီက ပေါင် ၅၀၀ အား ဗုံးနှစ်လုံးအပြင် ပေါင် ၂၀၀အားရှိတဲ့ ဗုံးသီး ရှစ်လုံးအထိ အသုံးပြုတိုက်ခိုက်ခဲ့လို့ ကားလမ်းပျက်စီးတဲ့အပြင် အခြားပျက်စီးမှုများလည်းရှိတယ်လို့သိရပါတယ်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ဒေသ ခံတစ်ဦးက” မနက်အိပ်မောကျတဲ့အချိန်မှာလာပစ်သွားတာ၊ မနက်မှာသတင်းကြားရတာတော့ကားလမ်း နှစ်နေရာပျက်တယ်လို့ပြောကြတယ်။ ကျန်တာတော့သေချာမသိရဘူး။ ဗုံးကြဲတာတော့အများကြီးပဲ။ အဲဒီနားမှာတောင်ယာတွေလည်းရှိတော့စိုးရိမ်ရတယ်”လို့ Zalen ကိုပြောပါတယ်။

စက်တင်ဘာလ ၆ ရက်နေ့မနက်အစောပိုင်းမှာ တိုက်နယ်အမှတ် ၄ ဘက်ရှိ ရှိမ်းကျေးရွာကို စစ်ကောင်စီကလေကြောင်းဖြင့် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ကမင်းတပ်မြို့ပေါ်ရှိစစ်ကောင်စီတပ်ဖွဲ့၀င်များအား ရိက္ခာအင်အား၊လက် နက်၊ခဲယမ်းအင်အားများကိုအဆက်မပြတ်ဖြည့် တင်း နေသလို၊ ကျေးရွာတွေဘက်ကိုလေကြောင်းတိုက်ခိုက်မှုများလည်းဆက်တိုက်ပြုလုပ်နေတယ်လို့သိရပါတယ်။

သတင်း – မိုးပီအောင်

နောက်ဆုံးရသတင်းများ

တမူး-ကလေးလမ်းပေါ်ရှိ နမွန်းတားကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့များ ပြန်လည်ထိန်းချူပ်ထားပြီး လက်နက်အချို့ သိမ်းဆည်း

အောက်တိုဘာ ၂၄၊ ၂၀၂၅။ Zalen စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ တမူး-ကလေးလမ်းမပေါ်ရှိ နမွန်းတားကျေးရွာကို တော်လှန်ရေးအင်အားစုများက ပြန်လည်ထိန်းချူပ်နိုင်ပြီး လက်နက်အချို့ သိမ်းဆည်းရမိတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များဆီက သိရပါတယ်။ အောက်တိုဘာ ၂၂ ရက်နေ့က စစ်ကြောင်းထိုးလာတဲ့ ပန်းသာကျေးရွာအခြေစိုက် စစ်ကောင်စီ ...

ဆက်ဖတ်ရန်