မနက်ဖြန် ဆူရ်ဘုန်လေဆိပ်တွင် ပထမဆုံးအကြိမ် လေယာဉ်စမ်းသပ်ဆင်းမယ်

ဖလမ်းမြို့နယ် ဆူရ်ဘုန်လေဆိပ်တွင် ပထမဆုံးအကြိမ် လေယာဉ်စမ်းသပ်ဆင်းမှာဖြစ်တဲ့တွက် ဖလမ်းခရစ်ယာန်ဂိုဏ်းပေါင်းစုံအမှုတောင်ဆောင်များမိတ်သဟာယအဖွဲ့က ယနေ့နေ့လည်ပိုင်းက ကောင်းချီးပေးဆုတောင်းပေးကြတယ်လို့သတင်းရရှိပါတယ်။

လေယာဉ်ဟာ မနက် ၇ နာရီခွဲတွင် ရန်ကုန်လေဆိပ်ကနေထွက်ခွာလာမှာဖြစ်ပြီး မန္တလေးလေဆိပ်တွင် ဆီဖြည့်ရင်း ဖလမ်းမြို့ရာသီဥတုကိုစောင့်ကြည့်မှာဖြစ်ပါတယ်။

ဆူရ်ဘုန်လေဆိပ် မန်နေဂျာလေကြောင်းထိန်း ဦးလားလ်သူဇမ်းမာက “အခုတော့ test flight ဖြစ်တဲ့တွက် လေယာဉ်ဆင်းမှာ။ အရင်တုန်းက check Flight ဖြစ်လို့လေယာဉ်မဆင်းတာ။ ဆူရ်ဘုန်လေဆိပ်တစ်ဝိုက်မှာ လေကြောင်းလမ်းညွှန်အတိုင်း ၃၊ ၄ ကြိမ်လောက်ပတ်ပြီး ဆင်းမှာ။ လေယာဉ်မောင်းတဲ့သူတွေလည်း ဆူရ်ဘုန်လေဆိပ်နဲ့ရင်းနှီးအောင် နာရီဝက်လောက်ပျံသန်းမယ်။ ဒါပြီးရင် မန္တလေးမှာပြန်ဆင်းပြီး ရန်ကုန်ကိုပြန်မယ်။ လေယာဉ်ကတော့ ATR 72 အမျိုးအစားဖြစ်တယ်။ ကလေးလေဆိပ်မှာဆင်းတဲ့ လေယာဉ်ပုံစံတွေပဲ။ ရာသီဥတုကလည်း မနေ့ကတော့ကောင်းတယ်။ ဒီနေ့ မိုးနည်းနည်းရွာတော့ မနက်ဖြန်အတွက် အရမ်းစိတ်ပူတယ်။ ဒီမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေလည်း ဘုန်းကြီးတွေဖိတ်ပြီးဆုတောင်းကြတယ်။ အဲ့ချိန်မှာ ရန်ကုန်ကအသင်းတော်ပါစတာ ပူးထန်သင်ဆုန်က ဖုန်းဆက်တော့ မိုးရွာနေတော့ ကျနော်တို့ဘက်ကဘာမှမစီစဉ်နိုင်တဲ့အကြောင်း စိတ်ပူနေတဲ့အကြောင်းပြောပြတော့ သူကဘာမှစိတ်မပူနဲ့ကျနော်ဖုန်းဆက်ပေးမယ်ဆိုပြီး ဖလမ်းမြို့က အသင်းတော်ပါစတာ (၇)ယောက်လာပြီးဆုတောင်းပေးသွားတယ်။ တော်တော်စိတ်အားတက်သွားတယ်။ ရာသီဥတုမကောင်းရင် မန္တလေးမှာ နည်းနည်းစောင့်ရမှာပေါ့။ ဘာပဲဖြစ်ဖြစ်လေယာဉ်ဆင်းနိုင်အောင်တော့ လုပ်ကြမယ်။ ဝန်ကြီးချုပ်နဲ့ ဒု-သမ္မတလည်းလာမယ်လို့ပြောတယ်” လို့ပြောပါတယ်။

ဆူရ်ဘုန်လေဆိပ်ဟာ ပင်လယ်ရေမြင့်နှာပြင်အထက် ပေ ၆၀၀၀ တွင်တည်ရှိပြီး လေယာဉ်ပြေးလမ်းအရှည် ၆၀၀၀၊ အကျယ် ပေ ၁၀၀ ရှိပါတယ်။ ယင်းလေဆိပ်ဟာ ၂၀၁၄ ခုနှစ်တွင်စတင် တည်ဆောက်ထားပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်