ဖလမ်းမြို့ထဲတွင် အစိုးရအဖွဲ့ယန္တရားပြန်လည် လည်ပတ်ဖို့ကြိုးစားမှုတွေပြုလုပ်နေတဲ့ စစ်ကောင်စီ

ဧပြီ ၂၉၊ ၂၀၂၆

Zalen

Zalen ad

ပြီးခဲ့တဲ့ ဧပြီလ ၂၅ရက်နေ့က စစ်ကောင်စီဟာ ချင်းညီနောင်နဲ့ ချင်းပြည်ကောင်စီတော်လှန်ရေးတပ်ဖွဲ့တွေထံမှ ဖလမ်းမြို့ကို ပြန်လည်ရယူသွားပြီးနောက် ၎င်းတို့ အစိုးရအဖွဲ့ယန္တရားပြန်လည် လည်ပတ်ဖို့ကြိုးစားမှုတွေ ရှိနေတယ်လို့ စစ်ကောင်စီသတင်းရင်းမြစ်များထံမှ သိရှိရပါတယ်။

စစ်ကောင်စီဟာ ဖလမ်းမြို့ပြန်လည်ရရှိပြီးနောက် ကလေးမြို့တွင် စစ်ဘေးရှောင်နေကြတဲ့ အစိုးရရုံး ဝန်ထမ်းများကို ဧပြီ ၂၇ရက်နေ့က ခေါ်ယူပြီး အစည်းအဝေးတရပ်ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ အစည်းအဝေးတွင် စစ်ကောင်စီက အစိုးရအဖွဲ့ယန္တရားပြန်လည် လည်ပတ်ဖို့နဲ့ ဝန်ထမ်းများကို စစ်တပ်မှ အမိန့်ရရှိလာပါက ဖလမ်းမြို့သို့ပြန်ပြီး မိမိတို့လုပ်ငန်းတာဝန်များကို ပြန်လည်ထမ်းဆောင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်အသိုင်းအဝိုင်းနဲ့နီးစပ်သူမှ “ပြန်ရမှာတော့သေချာပါတယ် လတ်တလောတော့ သူတို့အမိန့်ကို စောင့်ရ အုံးမှာပါ လက်ရှိချိန်ထိတော့ မပြန်ရသေးပါဘူး။ စကစက ဖလမ်းမြို့ထဲပါ ဗုံးတွေကြဲထားတာ ဆိုတော့ သူတို့မြို့ထဲမှာ အခြေခံလိုအပ်တဲ့ ရေတို့ မီးတို့တွေပြင်ဆင်အုံးမှာပါ အဲ့ဒါတွေ အဆင်ပြေပြီဆိုမှ အမိန့်ထွက်လာမှပဲ ပြန်ရမှာပါလို့” ပြောလာပါတယ်။

ပြည်သူတဦးရဲ့စကားသံ “စကစက အတော်လည်း ရီရပါတယ် အာဏာစသိမ်းတော့လည်းသူတို့ မြို့ကြီးကို လေယာာဉ်တွေနဲ့ဗုံးကြဲဖျက်စီးတာလည်း သူတို့ပဲ တိုက်ပွဲကိုဖန်တီးတဲ့ သူတို့ကပဲ နောက်ဆုံးပြန်ယူပြီး ပြည်သူတွေကို ကယ်တင်တဲ့ပုံစံမျိုးလုပ်အုံးမှာ မြင်ယောင်မိတယ်လို့ ကြေကွဲဒေါသအသံနဲ့ “ဆိုပါတယ်။

ဒေသခံတဦးမှလဲ “ တနှစ်ကျော်ကြာနေပြီဆိုတော့ ခုပြန်လို့ရတယ်ဆိုတာ ကြားမိတော့ အတော့်ကို စိတ်မကောင်းဖြစ်ရတယ် ကျနော်တို့နေတဲ့အိမ်က အကောင်းတိုင်း မရှိတော့ဘူးလေ ဗုံးဒဏ် သေနတ်ဒဏ်တွေကြားမှာ အတော်ပျက်စီးနေပြီ စီးပွားရေးအရလဲ ခုလက်ရှိနေတဲ့နေရာမှာ အထိုင်ကျနေပြီ ဆိုတော့ မပြန်ဖြစ်တော့ပါဘူး နောင်ပြန်ဖြစ်ရင်တောင် အလည်အပတ်သဘောလောက်ပဲပြန်ဖြစ်တော့မှာပါလို့” ပြောလာပါတယ်။

လက်ရှိချိန်မှာတော့ ဖလမ်းမြို့ရဲ့ ၎င်းတို့အစိုးရရုံးများရှိရာ နေရာအချို့တွင်လည်း မြန်မာနိုင်ငံအလံတိုင်များ လွှင့်ထူထားတွေရှိနေတယ်လို့ သိရပါတယ်။

မြို့နဲ့အနီးတဝိုက်ကျေးရွာအချို့မှာလည်း ချင်းပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ စစ်ရေးတွေတင်းမာနေကြဆဲဖြစ်ပါတယ်။

မိုင်နွေဦး

ဓာတ်ပုံ- စစ်ကောင်စီတပ်ဟာ ဖလမ်းမြို့ထဲသို့ ၂၀၂၆ခုနှစ် မတ်လ ၅ရက်နေ့က လေကြောင်းမှ ဗုံးကြဲတာကြောင့် ပြည်သူနေအိမ်အချို့နဲ့ အစိုးရရုံးများ ပျက်စီးခဲ့ရတဲ့ မြင်ကွင်းများ။

#ဖလမ်းမြို့#အစိုးရဝန်ထမ်း#စစ်ကောင်စီ#Zalen

နောက်ဆုံးရသတင်းများ

ခြင်ရိုက်ပြီး ငွေရှာနေတဲ့ ထိုင်းနိုင်ငံက အမျိုးသမီး၊ ထူးခြားတဲ့အကြံနဲ့ ဘတ်တသောင်းထိငွေရှာနိုင်ခဲ့

ဧပြီ ၂၉၊ ၂၀၂၆ Zalen ထိုင်းနိုင်ငံက လီဆိုတဲ့ အမျိုးသမီးဟာ ကျနော်တို့လိုလူသားများအတွက် အနှောက်အယှက်ပဲဖြစ်တဲ့ “ခြင်”တွေကို ငွေရှာတဲ့ အခွင့်အလမ်းအဖြစ်ဖန်တီးလိုက်ပါပြီ။ လီဟာ နေ့စဉ်ဆိုသလို ကျတော်တို့တွေက လျှပ်စစ်ဘတ်တံ ခြင်ဆေးခွေ ခြင်ပြေးစတစ်ကာလိုမျိုးတွေ အသုံးပြုပြီး ရိုက်သတ် ...

ဆက်ဖတ်ရန်