တောင်ကျချောင်းထဲမျောပါပျောက်ဆုံးသွားတဲ့ သူရှာဖွေရေးကိစ္စ ရပ်ဆိုင်းလိုက်ပြီ

တောင်ကျချောင်းထဲမျောပါပျောက်ဆုံးသွားတဲ့ သူရှာဖွေရေးကိစ္စ ရပ်ဆိုင်းလိုက်ပြီ

တီးတိန်မြို့နယ် ဖွန်နွမ်ရွာနား ငတပ်ချောင်း ဖြတ်ကူးစဉ်တောင်ကျချောင်းရေထဲမျောပါပျောက်ဆုံးသွားတဲ့ ကိုနန်စွမ်ခမ်း (၁၄ နှစ်)ရှာဖွေရေးလုပ်ငန်းကို သုံးရက်မြောက်နေ့မှာရပ်ဆိုင်းလိုက်ပြီလို့ ကျေးရွာအုပ်ချုပ်ရေးမှူးထံမှသတင်းရရှိပါတယ်။

ဖွန်နွမ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအန်ရှန်မန်က “တစ်မိုင်ကျော်ထိသွားရှာတယ်။ ပြီးတော့ ချောင်းဘေးမှာရှိတဲ့တခြားရွာတွေကလည်း သူတို့ရွာနားချောင်းတွေထဲရှာကူကြတယ်။ မြေကြီးပေါ်မှာမတွေ့တော့ သံသယရှိတဲ့နေရာတွေမြေတူးပြီးရှာကြတယ်မတွေ့ဘူး။ အသက် ၅၀ အရွယ်သူ့အမေကိုယ်တိုင်လည်း လာရှာတယ်။ အခုလို ရှာဖွေရေးရပ်ဆိုင်းတာကလည်း သူ့အဖေကိုယ်တိုင်ရဲ့ဆန္ဒပါ” လို့ပြောပါတယ်။

ဒါကြောင့် သြဂုတ်လ ၁၃ ရက်ကစပြီး ကိုနန်စွမ်ခမ်းကို ဆက်လက်ရှာဖွေမှာမဟုတ်ပါ။

ဖြစ်စဉ်မှာ သြဂုတ်လ ၁၀ရက်ကနေဒီတောင်အောက်က ဖွန်နွမ်ရွာသား ၁၁ ယောက်ဟာ ကျေးရွာသုံးရေအားလျှပ်စစ်ရုံဟာမြေစာဖုံးသဖြင့် ယင်းမြေစာတွေဖယ်ရှားရန်သွားကြပါတယ်။ အပြန်လမ်းမှာ ရွာနဲ့တစ်မိုင်လောက်ဝေးတဲ့ ငတပ်ချောင်းကိုဖြတ်ကူးစဉ် ညနေ ၄ နာရီခန့်တွင် ရုတ်တရက် စွံ့ဖွတ်ရည်တို့အရှိန်နဲ့စီးကျလာတောင်ကြောင့် မောင် ဟောင်ရှန်သုမ် (၁၅ နှစ်)နဲ့ မောင် နန်စွမ်ခမ်း (၁၄ နှစ်)တို့ဟာ ချောင်းထဲမျောပါသွားပါတယ်။ ရေထဲမျှောပါတဲ့သူနှစ်ယောက်ကိုရွာသားတွေကလိုက်လံရှာဖွေရာ မောင်ဟောင်ရှန်သုမ်ကို ချောင်းဘေးချုံပုတ်ကြားစွံ့ရည်ထဲကနေ လက်ယှက်ခေါ်နေတာတွေ့ပြီးသွားရောက်ကယ်ဆယ်ကြပါတယ်။ ယင်းည ၉နာရီထိ မောင်နန်စွမ်ခမ်းကို လိုက်လံရှာဖွေကြပေမယ့် မတွေ့တာကြောင့်ရွာသို့ပြန်ကြပြီး သြဂုတ် ၁၁ ရက်နဲ့ ၁၂ ရက်တွင် ဖွန်နွမ်ရွာနဲ့အနီးက ဇုံးကျေးရွာသား စုစုပေါင်း လူ ၂၀၀ လောက်ကဆက်လက်ရှာဖွေကပေမယ့်မတွေ့ကြပါ။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက လမ်းတွေပိတ်ထားလို့ ကလေးမြို့နယ်က စစ်ရှောင်တွေ အခက်အခဲဖြစ်နေ

နိုဝင်ဘာ ၂၂၊ ၂၀၂၅Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်က ကလေးမြို့ပေါ်နဲ့ ကျေးရွာတွေကို ဆက်သွယ်ထားတဲ့လမ်းမကြီးတွေကို ပိတ်ဆို့မှုတွေကြောင့် စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အောက်တိုဘာလကတည်းက အင်အားသုံးပြီး ကလေးတောင်ပိုင်းနဲ့ မြောက်ပိုင်းက ...

ဆက်ဖတ်ရန်