နိုင်ငံသားစိစစ်ရေးကဒ်ပြားပေါ်တွင် ချင်းလူမျိုးတိုင်း ဆလိုင်း/ မိုင် ထည့်သွင်းရန် စည်းရုံးလှုံဆော်

မကွေးတိုင်းဒေသကြီးမှာနေထိုင်တဲ့ ချင်းလူမျိုးတိုင်း နိုင်ငံသားစိစစ်ရေးကဒ်ပြားရှိအမည်များရှေ့တွင် ဆလိုင်း/မိုင် ထည့်သွင်းကြရန် ချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီဝင်တွေကစည်းရုံးလှုံဆော်နေပါတယ်။

နာမည်ရှေ့တွင် ဦး/မောင် အစား ဆလိုင်း၊ ဒေါ်/မ အစား မိုင် ပြောင်းလဲထည့်သွင်းရန် မကွေးတိုင်း ဆောမြို့နယ်၊ မင်းဘူးမြို့နယ်နဲ့ တောင်တွင်းကြီးမြို့နယ်တွေမှာ စည်းရုံးလျက်ရှိပါတယ်။

မကွေးတိုင်း ဆောမြို့နယ်မှာ ဆလိုင်း/မိုင် ပြောင်းဖို့အမည်စာရင်းပေးသွင်းနေကြစဉ်(ဓာတ်ပုံ- Salai Tun Aung Kyaw)

ဆောမြို့ ချင်းတိုင်းရင်းသားစာပေသင်ကြားရေးဆရာ ဆလိုင်းထွန်းအောင်ကျော်က “ခု ဆောမြို့ပေါ်က တိုင်းရင်းစာပေသင်ကြားတဲ့ ချင်းဆရာ၊မတွေ အယောက်(၁၀၀)ကျော်က ဆလိုင်း/မိုင်ထည့်ဖို့စာရင်းသွင်းထားပြီ။ ဆက်ပြီးတော့ ကျေးရွာတွေဆင်းပြီး ဆလိုင်း/မိုင်ထည့်ဖို့စာရင်းဆက်ကောက်မယ်။ စာရင်းကောက်ပြီးရင် လ.ဝ.က ရုံးမှာတစ်ပြိုင်ထဲ ဆလိုင်း/မိုင်ပြောင်းကြမယ်”လို့ဆိုပါတယ်။

မကွေးတိုင်း ဆောမြို့နယ်မှာ ချင်းလူမျိုးတွေနေထိုင်တဲ့ကျေးရွာ(၅၀)ခန့်ရှိပါတယ်။

မကွေး ခ.စ.ယ(ချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ)အဖွဲ့မှ ဆလိုင်းရိုမောင်က “အခု မကွေးတက္ကသိုလ် ခ.စ.ယကျောင်းသူ၊သားတွေ မင်းဘူးမြို့နယ်မှာ မိမိနာမည်ရှေ့မှာ ဆလိုင်း/မိုင် ထည့်အသုံးပြုဖို့အတွက် အသိပညာပေးခရီးတွေသွားနေတယ်”လို့ဆိုပါတယ်။

မကွေး ခ.စ.ယလူငယ်တွေ မင်းဘူးမြို့နယ်သို့ ပညာပေးခရီးသွားစဉ်(ဓာတ်ပုံ- Salai Yoe Maung)

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကါယ်စောင့်ရှောက်ရေးဥိးစီးဌာန ညွှန်ကြားရေးရုံးက ဇူလိုင်(၃၀)ရက်တွင် စာအမှတ် ၂-၁(၀၀၇/၂၀၁၈)ဖြစ် နိုင်ငံသားစိစစ်ရေးကဒ်ပြားရှိအမည်များတါင် ဆလိုင်း/မိုင်ထည့်သွင်းပြောင်းလဲနိုင်ကြောင်းထုတ်ပြန်ထားပါတယ်။

၎င်းစာထဲတွင် နိုင်ငံသားစိစစ်ရေးကဒ်ပြားများတွင်သက်ဆိုင်ရာတိုင်းရင်းသားဘာသာစကားအရအမည်တွင် ရှေ့ဆောင်စကားလုံးများရေးသါင်းပြီးအသစ်လျှောက်ထားနိုင်ရန်အတွက် (ဥပမာ-ဦး/မောင်အစား ဆလိုင်း၊ ဒေါ်/မအစား မိုင်) စသည့်တိုင်းရင်းသားလူမျိုးများ၏ အမည်ရေးသွင်းရာတွင် သက်ဆိုင်ရာမှတ်ပုံတင်သူတင်ပြလျှောက်ထားချက်များအတိုင်းပြုလုပ်ပြင်ဆင်ပေးရန် တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနအနေဖြင့် ကူညီဆောင်ရွက်ပေးနိုင်ရန် ညိုနှိုင်းထားပြီးဖြစ်သည့်အတွက် ကာယကံရှင်၏ ပြောင်းလဲလိုသောဆန္ဒအရ ခိုင်လုံသောအထောက်အထားများဖြင့် သက်ဆိုင်ရာမြို့နယ်ဦးစီးရုံးများတွင် စာပေနှင့်ယဉ်ကျေးမှုအသင်းများမှဦးဆောင်၍ အုပ်စုအလိုက်စာရင်းကောက်ယူပြီး သွားရောက်လျှောက်ထားနိုင်ပြီဖြစ်သည်။

နိုင်ငံသားစိစစ်ရေးကဒ်မပြုလုပ်ရသေးသော အသက်(၁၀)နှစ်နှင့် အထက်ကလေးငယ်များအားနိုင်ငံသားစိစစ်ရေးကဒ်ပြုလုပ်ပေးရာတွင် ရှေ့ဆောင်တိုင်းရင်းသားအမည်များ (ဥပမာ-ဆလိုင်း/မိုင်) များပါဝင်အောင် ငယ်စဉ်မှစ၍ ပြုလုပ်ထားရန်အတွက် အသင်းများအနေဖြင့်တိုက်တွန်းပေးပါရန်လိုအပ်ကြောင်းလို့ရေးသားထားပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်