ကလေးမြို့တွင် တက္ကသိုလ်ကျောင်းသား နှစ်ထောင်ကျော်က ပြည်သူ့ဆေးရုံတာဝန်ရှိပုဂ္ဂိုလ်များကိုဆန္ဒပြ

ကလေးမြို့ရှိ တက္ကသိုလ်ကျောင်း သုံးကျောင်းက ကျောင်းသူ၊ကျောင်းသားတွေနဲ့ပြည်သူအချို့ကပူးပေါင်းကာ လူ (၂၂၀၀)လောက်က ပြည်သူ့ဆေးရုံတာဝန်ရှိပုဂ္ဂိုလ်တွေ အရေးယူပေးဖို့ ဒီမနက် ဆန္ဒဖော်ထုတ်ကြပါတယ်။

ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဆလိုင်းဗန်ရိုထန်က “ဆေးရုံရှေ့မှာ ကျနော်တို့ဆန္ဒပြရခြင်းရဲ့ရည်ရွယ်ချက် နဲ့ ကြေညာချက်တွေကိုဟောပြောတယ်။ ပြည်သူ့ဆေးရုံဝန်ထမ်းတွေက လူနာတွေကို လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေး မေတ္တာရှေ့ထားပြီးဆေးကုသဖို့ ဖြစ်စေချင်တယ်။ အခုလို ကျောင်းသားတွေလှုပ်ရှားမှုကြောင့် ဆေးရုံတာဝန်ရှိပုဂ္ဂိုလ်တွေကို တာဝန်ရှိသူတွေက အရေးယူမယ်လို့ယူဆပါတယ်။ တကယ်လို့ အရေးမယူရင်တော့ ကျနော်တို့ဘက်ကလည်း ကြိုတင်ပြင်ဆင်ထားတာရှိတယ်။ ဘယ်တွေပြင်ဆင်ထားလဲဆိုတာတော့ ကြိုပြောလို့မရသေးဘူး” လို့ပြောပါတယ်။

ကလေးမြို့ နည်းပညာတက္ကသိုလ်ကျောင်းသား ဒါလ်းမွန်းမာန်(၂၄ နှစ်)ဟာ ဇန်နဝါရီလ (၂၆)ရက် ည (၁၁း၃၀)အချိန်ခန့်တွင် ဆိုင်ကယ်မတော်တဆဖြစ်လို့ ဦးခေါင်းပိုင်းထိသွားပြီး ပြည်သူ့ဆေးရုံသို့သယ်ဆောင်ကြပါတယ်။ ဒါပေမယ့် အာမခံပေးမယ့်သူမရှိလို့ဆိုပြီး ယင်းညအိပ်ကာ နောက်နေ့မနက်ပိုင်းမှအသိတွေပေါ်လာလို့ ဇန်နဝါရီလ (၂၇)ရက် မနက် (၁၁)နာရီလောက်မှာ ခွဲစိပ်ခန့်ဝင်ခဲ့ပေမယ့် ကွယ်လွန်သွားခဲ့ပါတယ်။

ဆန္ဒပြသူများ ကိုင်ဆောင်တဲ့ ဆိုင်းဘုတ်အချို့ကတော့ အရေးပေါ်အသက်ကယ်ဘတ်ဂျက်လုံလောက်စွာထားရှိရန်၊ မြန်မာနိုင်ငံ၏ကျန်းမာရေးဘတ်ဂျက်ကို နိုင်ငံတော်အစိုးရ အထွေထွေအသုံးစရိတ်၏ အနည်းဆုံး (၁၀ရာခိုင်နှုန်း) အထိတိုးမြှင့်သတ်မှတ်ပေးရန်၊ တာဝန်ခံအာမခံမည့်သူမရှိဟူ၍ လစ်လျှူရှုခံလူနာများပပျောက်ရေး၊ အကျင့်ပျက်ကျန်းမာရေးဝန်ထမ်းများအား ကျန်းမာရေးဝန်ကြီးဌာနမှ စုံစမ်းစစ်ဆေးပြီး ထိထိရောက်ရောက်အရေးယူဆောင်ရွက်ပေးရန် စသည်တို့ဖြစ်ပါတယ်။

(Zawgyi)

ကေလးၿမိဳ႕တြင္ တကၠသိုလ္ေက်ာင္းသား ႏွစ္ေထာင္ေက်ာ္က ျပည္သူ႔ေဆး႐ုံတာဝန္ရွိပုဂၢိဳလ္မ်ားကိုဆႏၵျပ

ကေလးၿမိဳ႕ရွိ တကၠသိုလ္ေက်ာင္း သုံးေက်ာင္းက ေက်ာင္းသူ၊ေက်ာင္းသားေတြနဲ႔ျပည္သူအခ်ိဳ႕ကပူးေပါင္းကာ လူ (၂၂၀၀)ေလာက္က ျပည္သူ႔ေဆး႐ုံတာဝန္ရွိပုဂၢိဳလ္ေတြ အေရးယူေပးဖို႔ ဒီမနက္ ဆႏၵေဖာ္ထုတ္ၾကပါတယ္။

ျဖစ္ေျမာက္ေရးေကာ္မတီ အတြင္းေရးမႉး ဆလိုင္းဗန္႐ိုထန္က “ေဆး႐ုံေရွ႕မွာ က်ေနာ္တို႔ဆႏၵျပရျခင္းရဲ႕ရည္႐ြယ္ခ်က္ နဲ႔ ေၾကညာခ်က္ေတြကိုေဟာေျပာတယ္။ ျပည္သူ႔ေဆး႐ုံဝန္ထမ္းေတြက လူနာေတြကို လူမ်ိဳးမေ႐ြး၊ ဘာသာမေ႐ြး၊ ဆင္းရဲခ်မ္းသာမေ႐ြး ေမတၱာေရွ႕ထားၿပီးေဆးကုသဖို႔ ျဖစ္ေစခ်င္တယ္။ အခုလို ေက်ာင္းသားေတြလႈပ္ရွားမႈေၾကာင့္ ေဆး႐ုံတာဝန္ရွိပုဂၢိဳလ္ေတြကို တာဝန္ရွိသူေတြက အေရးယူမယ္လို႔ယူဆပါတယ္။ တကယ္လို႔ အေရးမယူရင္ေတာ့ က်ေနာ္တို႔ဘက္ကလည္း ႀကိဳတင္ျပင္ဆင္ထားတာရွိတယ္။ ဘယ္ေတြျပင္ဆင္ထားလဲဆိုတာေတာ့ ႀကိဳေျပာလို႔မရေသးဘူး” လို႔ေျပာပါတယ္။

ကေလးၿမိဳ႕ နည္းပညာတကၠသိုလ္ေက်ာင္းသား ဒါလ္းမြန္းမာန္(၂၄ ႏွစ္)ဟာ ဇန္နဝါရီလ (၂၆)ရက္ ည (၁၁း၃၀)အခ်ိန္ခန႔္တြင္ ဆိုင္ကယ္မေတာ္တဆျဖစ္လို႔ ဦးေခါင္းပိုင္းထိသြားၿပီး ျပည္သူ႔ေဆး႐ုံသို႔သယ္ေဆာင္ၾကပါတယ္။ ဒါေပမယ့္ အာမခံေပးမယ့္သူမရွိလို႔ဆိုၿပီး ယင္းညအိပ္ကာ ေနာက္ေန႔မနက္ပိုင္းမွအသိေတြေပၚလာလို႔ ဇန္နဝါရီလ (၂၇)ရက္ မနက္ (၁၁)နာရီေလာက္မွာ ခြဲစိပ္ခန႔္ဝင္ခဲ့ေပမယ့္ ကြယ္လြန္သြားခဲ့ပါတယ္။

ဆႏၵျပသူမ်ား ကိုင္ေဆာင္တဲ့ ဆိုင္းဘုတ္အခ်ဳိ႕ကေတာ့ အေရးေပၚအသက္ကယ္ဘတ္ဂ်က္လံုေလာက္စြာထားရွိရန္၊ ျမန္မာႏိုင္ငံ၏က်န္းမာေရးဘတ္ဂ်က္ကို ႏိုင္ငံေတာ္အစိုးရ အေထြေထြအသံုးစရိတ္၏ အနည္းဆံုး (၁၀ရာခုိင္ႏႈန္း) အထိတိုးျမွင့္သတ္မွတ္ေပးရန္၊ တာဝန္ခံအာမခံမည့္သူမရွိဟူ၍ လစ္လွ်ဴရႈခံလူနာမ်ားပေပ်ာက္ေရး၊ အက်င့္ပ်က္က်န္းမာေရးဝန္ထမ္းမ်ားအား က်န္းမာေရးဝန္ၾကီးဌာနမွ စံုစမ္းစစ္ေဆးၿပီး ထိထိေရာက္ေရာက္အေရးယူေဆာင္ရြက္ေပးရန္ စသည္တို႔ျဖစ္ပါတယ္။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်