ကျင်ဒွေးမြို့သိမ်းတိုက်ပွဲမှာ တစ်မြို့လုံးနီးပါး ပျက်စီး

၂၅၊ ဧပြီလ၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သိမ်း တိုက်ပွဲမှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် တစ်မြို့နီးပါး ပျက်စီးသွားပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

ကျင်ဒွေးမြို့ သိမ်းပိုက်ရရှိရေးအတွက် အာရက္ခတပ်တော်(AA)ရဲ့ အကူအညီနဲ့ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကစပြီး ချင်းညီနောင်အဖွဲ့ရဲ့ ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲတွင်း စစ်ကောင်စီက လေကြောင်းကနေ အင်အားဖြည့်တင်းသလို လေကြောင်းကနေ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် ကျင်ဒွေးမြို့ နေအိမ်အားလုံးနီးပါး ပျက်စီးသွားတယ်လို့ သိရပါတယ်။

“တိုက်ပွဲက တစ်ရက်မှ မနားဘူး။ တိုက်ပွဲနည်းနည်း အရှိန်မြင့်လာရင် လေကြောင်းကနေ တိုက်ခိုက်တယ်။ ဟိုဘက်ဒီဘက် လက်နက်ကြီး ပတ်ခတ်လို့ မြို့ထဲက နေအိမ်၊ အဆောက်အဦး အားလုံးနီးပါး ပျက်စီးသွားတယ်။”လို့ ကျင်ဒွေး ဒေသခံတစ်ဦးက ပြောပါတယ်။

ကျင်ဒွေးမြို့မှာ အရပ်သားတွေ နေထိုင်ခြင်း မရှိတော့ဘဲ ဒေသခံတွေဟာ တောတောင်နဲ့ ၎င်းတို့ရဲ့ တောင်ယာခင်း၊ ခြံတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတာ ၄ လ နီးပါရှိနေပြီဟု သိရပါတယ်။

စစ်ဘေးရှောင် ကာလ ကြာမြင့်လာသည်အမျှ စားနပ်ရိက္ခာ၊ ဆေးဝါးတွေ လိုအပ်တဲ့ အကူညီတွေ မရရှိဘဲ အဆင်ပြေသလို စားသောက်နေထိုင်ရတယ်လို့ ဆိုပါတယ်။

“စစ်ဘေးရှောင်တွေကို ထောက်ပံ့တာတော့ ရှိပါတယ်။ ဒါပေမယ့် အကုန် အဆင်ပြေအောင်တော့ ပြည့်ပြည့်ဝဝ မထောက်ပံ့နိုင်တော့ တစ်ခါတစ်လေ အခက်ခဲတွေ ရှိပါတယ်။ ဒါပေမယ့် တက်နိုင်သလောက်တော့ ထောက်ပံ့တာတော့ တွေ့ရတယ်။”လို့ဒေသခံ ဓမ္မဆရာ တစ်ဦးက ဆိုပါတယ်။

ကျင်ဒွေးမြို့မှာ စစ်ကောင်စီ တပ်ဖွဲ့တွေဟာ မြို့ထဲက အဆောက်အဦးတွေမှာ ဗုံးခိုကျင်း၊ ကတုံးကျင်းတွေ တည်ဆောက်ထားပြီး အခိုင်မာ တပ်စွဲထားကာ မြို့ကို ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ချင်းညီနောင်အဖွဲ့က ကျင်ဒွေး မြို့သိမ်းတိုက်ပွဲကို စစ်ကောင်စီ ဘက်က တပ်အင်အား၊ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပေမယ့် မဟာမိတ် တပ်ဖွဲ့တွေနဲ့အတူ မြို့သိမ်းရတဲ့ထိ ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဧပြီလ ၂၃ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ဆင်ရေးကြာလာတဲ့အမျှ ကုန်ကျစရိတ်များပြားလာလို့ ပါဝင်လှူဒါန်းကြဖို့လည်း CDF-Kanpetlet တာဝန်ရှိသူက ပြောပါတယ်။

သတင်း – Jai Sakeu

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်