ဇိုခွါသာရ် နယ်စပ်ဂိတ် ပုံမှန်အတိုင်းပြန်ဖွင့်၊မေလ ၁ ရက်နေ့ အပြီးပိတ်ဖို့ အစီအစဉ်ကိုလည်း ရုပ်သိမ်း

၂၆၊ဧပြီ ၊၂၀၂၄

Zalen

အိန္ဒိယ နိုင်ငံပြည်သူ့ရွေးကောက်ပွဲကို အကြောင်းပြကာ ဧပြီလ ၁၇ ကနေ ၁၉ ရက်အထိပိတ်ပင်ခဲ့တဲ့ ဇိုခေါသာရ်-ရိဒ်ခေါဒါရ် နယ်စပ်ဂိတ်တံတားကို မနေ့ ဧပြီလ ၂၅ ရက်ကနေစပြီး ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်ခဲ့ တယ်လို့ သိရပြီး မေလ ၁ ရက်ကနေအပြီးပိုင်ပိတ်ဖို့ စီစဉ်ထားတဲ့ အစီအစဉ်ကိုလည်း ပြန်လည်ရုပ်သိမ်း တယ် လို့ ဒေသသတင်း Zonet ကဧပြီလ ၂၅ ရက်မှာ ဖော်ပြထားပါတယ်။

အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်းရှိရာ ဇိုခေါသာရ်-ရိဒ်ခေါဒါရ် နယ်စပ်ဂိတ်တံတားကို ၂ ရက်ကြာပိတ်ပင်ခဲ့ ပြီးနောက် ဧပြီလ ၂၀ ရက်ကနေပြန်လည်ဖွင့်လှစ်ပေမယ့် ကျန်းမာရေး၊ ပညာရေး စတဲ့အရေးကိစ္စတွေနဲ့ ပတ်သက်တဲ့သူတွေကို ပဲအကန့်အသတ်နဲ့ဝင်ထွက်ခွင့်ပေးခဲ့တာပါ။

ဇိုခေါသာရ်ရှိ အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်များက ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ နယ်စပ်အနီးနားမှာရှိတဲ့ ကျေးရွာတာဝန်ရှိသူ များနဲ့တွေ့ဆုံခဲ့ပြီး နယ်စပ်ဂိတ်ပိတ်မယ့်ကိစ္စကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တဲ့အကြာင်း၊ဧပြီလ အတွင်း ကိုချွင်းချက်အနေနဲ့ ဖြတ်သန်းခွင့်ပြုမှာဖြစ်ကြောင်းနဲ့ မေလ ၁ ရက်နေ့ကနေစပြီး ကျန်ဖိုင်ခရိုင်အတွင်းရှိ နယ်စပ်ဂိတ် အားလုံးကိုအပြီးပိုင်ပိတ်တော့မှာဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဒီလိုနယ်စပ်ဂိတ် ပိတ်မယ့်ကိစ္စကို ဧပြီလ ၂၅ ရက်မှာ အိန္ဒိယ ဗဟိုအစိုးရပြည်ထဲရေးဝန်ကြီးရုံးဘက်ကနေ ပြန်လည်ရုပ်သိမ်းခဲ့ပြီး အရင်ကလို ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်ခဲ့ကာ မေလ ၁ ရက်နေ့ကနေ အပြီးပိတ်မယ့်ကိစ္စကိုလည်း ပြန်လည်ရုပ်သိမ်းခဲ့တာပါ။

နယ်စပ်ဂိတ်ကို အပြီးပိုင်ပိတ်မယ် ဆိုရင်နှစ်နိုင်ငံ နယ်စပ်နားမှာ ရှိတဲ့ကျေးရွာနေ ပြည်သူများအတွက် စားဝတ်နေရေး ကိစ္စများကို အများကြီးထိခိုက်မှာဖြစ်တာကြောင့် အဲဒီကိစ္စကို လက်မခံနိုင်ကြောင်း ဇိုခေါသာရ်ရပ်ကျေးတာဝန်ရှိသူတွေက ပြောခဲ့ကြတယ်။

ဒါ့အပြင် ကျန်ဖိုင် Sub Headquarter YMA အဖွဲ့က နယ်စပ်ခြံစည်းရိုး မခတ်ဖို့နဲ့ Free Movement Regime မ ဖျက်သိမ်း ဖို့စီစဉ်လျက်ရှိသလို ကျန်ဖိုင်ခရိုင် ZPM ပါတီကလည်း ဒီကိစ္စကို လက်မခံနိုင်တဲ့အကြောင်း ပြောကြားခဲ့ကြပါတယ်။

အခုလို နယ်စပ်ဂိတ်ပိတ်ဖို့ ဖြစ်လာတာဟာ မြန်မာဘက်ကနေ တရားမဝင် မူးယစ်ဆေးဝါးများဝင်ရောက်မှု များ တာကြောင့်ရယ် မှတ်တမ်းတင်ထားခြင်းမရှိတဲ့ စစ်ဘေးရှောင်အများအပြားဝင်လာခြင်းကြောင့် ဖြစ်တယ် လို့ ဇိုခေါသာရ်ရှိ အာသံရိုင်ဖယ် တပ်ဖွဲ့တွေက ပြောကြားခဲ့တယ် လို့သိပါတယ်။

သတင်း- Grace

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်