ကလေး-ရန်ကုန်ခရီးသည်တင်ယာဉ်တစ်စီးအနီး မိုင်းပေါက်ကွဲ၍ ကားမှန်တွေကွဲ

ကလေးမြို့မှ ရန်ကုန်သို့သွားနေတဲ့ High Class ခရီးသည်ယာဉ်တစ်စီးဟာ ယနေ့ ညနေ ၂း၄၅ အချိန်တွင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့အနီး လမ်းဘေးမှာထောင်ထားတဲ့ မိုင်း ၃ လုံးဆက်တိုက်ပေါက်ကွဲတာကြောင့် ကားမှန်တွေကွဲပြီး အမျိုးသားတစ်ယောက် ဒဏ်ရာအနည်းငယ်ရရှိတယ်လို့သတင်းရရှိပါတယ်။

ခရီးသည်တစ်ဦးက “ကားဘီးတော့ဘာမှမဖြစ်ဘူး။ ဘယ်ဘက်ခြမ်းကားမှန်တွေအကုန်လုံးကွဲသွားတယ်။ ညာဘက် ကားမှန် ၃ ခုလည်းကွဲသွားတယ်။ ၃ ခုကျန်တယ်ပေါ့။ တခြားတော့ မပျက်ဘူး။ အမျိုးသား တစ်ယောက် မျက်စီနဲ့ နားကနေသွေးထွက်တယ်။ ကားမှန်စလာထိတယ်ထင်တယ်။ အခု ကားကိုသန့်ရှင်းရေးလုပ်ပြီး ခရီးဆက်ဖို့လုပ်နေတုန်း” လို့ပြောပါတယ်။

ခရီးသည်တွေကတော့ ချင်းတောင်တန်းကားပေါ်သို့ပြောင်းစီးကာ အခု ခရီးဆက်ကြပြီလို့သိရတယ်။ ဗုံးပေါက်တဲ့နေရာက စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မင်းတိုင်ပင်ရွာအဝင်တွင်ဖြစ်ပါတယ်။ ယင်းကားပေါ်တွင် ခရီးသည် ၁၂ ယောက် လိုက်ပါစီးနှင်ကြပါတယ်။

(Zawgyi)

ကေလး-ရန္ကုန္ခရီးသည္တင္ယာဥ္တစ္စီးအနီး မုိင္းေပါက္ကြဲ၍ ကားမွန္ေတြကြဲ

ကေလးၿမိဳ႕မွ ရန္ကုန္သို႔သြားေနတဲ့ High Class ခရီးသည္ယာဥ္တစ္စီးဟာ ယေန႔ ညေန ၂း၄၅ အခ်ိန္တြင္ စစ္ကိုင္းတုိင္း၊ ပုလဲၿမိဳ႕အနီး လမ္းေဘးမွာေထာင္ထားတဲ့ မိုင္း ၃ လံုးဆက္တုိက္ေပါက္ကြဲတာေၾကာင့္ ကားမွန္ေတြကြဲၿပီး အမ်ဳိးသားတစ္ေယာက္ ဒဏ္ရာအနည္းငယ္ရရွိတယ္လို႔သတင္းရရွိပါတယ္။

ခရီးသည္တစ္ဦးက “ကားဘီးေတာ့ဘာမွမျဖစ္ဘူး။ ဘယ္ဘက္ျခမ္းကားမွန္ေတြအကုန္လံုးကြဲသြားတယ္။ ညာဘက္ ကားမွန္ ၃ ခုလည္းကြဲသြားတယ္။ ၃ ခုက်န္တယ္ေပါ့။ တျခားေတာ့ မပ်က္ဘူး။ အမ်ဳိးသား တစ္ေယာက္ မ်က္စီနဲ႔ နားကေနေသြးထြက္တယ္။ ကားမွန္စလာထိတယ္ထင္တယ္။ အခု ကားကိုသန္႔ရွင္းေရးလုပ္ၿပီး ခရီးဆက္ဖုိ႔လုပ္ေနတုန္း” လို႔ေျပာပါတယ္။

ခရီးသည္ေတြကေတာ့ ခ်င္းေတာင္တန္းကားေပၚသို႔ေျပာင္းစီးကာ အခု ခရီးဆက္ၾကၿပီလုိ႔သိရတယ္။ ဗံုးေပါက္တဲ့ေနရာက စစ္ကိုင္းတုိင္း ပုလဲၿမိဳ႕နယ္ မင္းတိုင္ပင္ရြာအဝင္တြင္ျဖစ္ပါတယ္။ ယင္းကားေပၚတြင္ ခရီးသည္ ၁၂ ေယာက္ လုိက္ပါစီးႏွင္ၾကပါတယ္။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်